ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

စစ်အာဏာရှင်ကြောင့် အတိဒုက္ခရောက်နေရသည့် မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်သော ရံပုံငွေဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၆ ရက် နေ့ ညနေပိုင်းတွင် အီတလီနိုင်ငံ၊ ရောမမြို့၌ အီတလီမြန်မာအတူတကွ အဖွဲ့အစည်း ( Associazione Italia – Birmania Insieme ) က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစီအစဥ်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူများ အထူးသဖြင့် မြန်မာအမျိုးသမီးများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ဓါတ်ပုံမှတ်တမ်းများဖြင့် စတင်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီမှ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ရက်စက်စွာဖြိုခွင်းမှုများ၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ၊ ကျောင်းသားလူငယ်များကို သေဒဏ်ချခြင်းများကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် classical guitar ၊ အီတလီရိုးရာကွာရာသီချင်းများဖြင့် ပါဝင်တင်ဆက်ခဲ့ကြပြီး အစီအစဥ်ကို ရုပ်သိမ်းခဲ့ပြီး အစီအစဥ်သို့ ရောမမြို့ရှိ မြန်မာများမှ တက်ကြွစွာ ပူးပေါင်းလာရောက်ကြသည့်အပြင် တိုင်းရင်းသားအကများနှင့် ပါဝင်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးလူငယ်များ (GMSR) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အမျိုးသမီးများနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကမ်းပိန်းပိုစတာများ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြုလုပ်လျက်ရှိသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်စာတမ်းများနှင့် မြန်မာ့အရေးအတွက် ပါဝင်လှုံ့ဆော်ခဲ့ကြပါသည်။
ဓာတ်ပုံ – Yi Mon