ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ၄၂၈ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အတည်ပြုခဲ့ပြီး အဲဒီအစီအစဉ်ကို ကွန်ဂရက်သို့ အကြောင်းကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ အက်ဖ်-၁၆ တိုက်လေယာဉ် အပိုအ စိတ်အပိုင်းတွေ၊ စီ-၁၃၀ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အခြားစစ်လက်နက်တွေ ပါဝင်ပါတယ်။
ဒီနှစ်လယ်မှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ထိုင်ဝမ်ကျွန်းသို့ သွားရောက်ပြီးနောက်ပိုင်း တရုတ်စစ်လေယာဉ်တွေက တရားမဝင် နယ်စပ်တစ်ခုဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြား ကြားမျဉ်းကို ပုံမှန်ဆိုသ လို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
ထိုင်ဝမ်သို့ရောင်းချမယ့် စစ်လက်နက်တွေက ထိုင်ဝမ်လေတပ်ရဲ့စွမ်းရည်ကိုသာမက လက်ရှိနဲ့အနာဂတ် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်စွမ်း တိုးမြှင့်လာမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ရဲ့ ခေတ်မီ စစ်လက်နက်တွေ ရောင်းချမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်။
အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှုက လေတပ်ရဲ့ ဂျက်တိုက်လေယာဉ်အုပ်ကို အင်အားဖြည့် တင်းပေးတဲ့အပြင် ကာကွယ်မှုစစ်ဆင်ရေးနဲ့ တိုက်ပွဲဝင်မှု အသင့်ဖြစ်ရေးလေ့ကျင့်မှုအတွက် လိုအပ်ချက်တွေ ဖြည့် ဆည်းပေးခြင်းဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လက်တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်စစ်တပ်က မကြာ ခဏဆိုသလို ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရပါတယ်။
ကိုးကား – NHK
Ref; Biden administration approves $428 mil. in arms sales to Taiwan