ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၇ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရှိ နယ်မြေရဲစခန်းနှင့် ကရင်ကြီးကျေးရွာရှိ ပျူစောထီးစခန်းတို့ကို ဒီဇင်ဘာလ ၄ ရက်နေ့၊ ည ၈ နာရီခွဲခန်အချိန်က ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team-TTD က တာဝန်ရှိသူများထံမှသိရသည်။

ဒေသကာကွယ်ရေးတပ် ၇ ဖွဲ့က မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှ ပျူစောထီးစခန်းတို့ကို တချိန်တည်းစစ်ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့အဖွဲ့တွေက စစ်ကူလာမယ်ဆိုတာသိနေလို့ မောင်းမကန် ၃ ထပ်လမ်းမှာ စောင့်ဆိုင်းနေတာ။သိပ်မကြာခင်မှာပဲ့မောင်းမကန်ရဲစခန်းအတွက် စစ်ကူလာသည့် စစ်ကောင်စီတပ်မှ စစ်ကား ၃ စီးကို မောင်းမကန် ၃ ထပ်လမ်းတွင် အသင့်စောင့်ဆိုင်းကာ ပဒေသာမိုင်း ၂၄ လုံးဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာစစ်ကား ၂ စီးထိုးရပ်သွားပြီး တစ်စီး မီးလောင်ပျက်စီးကာ မိနစ် ၂၀ ဝန်းကျင်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်”ဟု PDF
တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်းညတွင်ပင် ကရင်ကြီးရွာရှိပျူ စောထီးစခန်းသို့စစ်ကူထပ်လာသည့်စစ်ကောင်စီတပ်သား(၂၀) ဝန်းကျင်ခန့်ပါတဲ့ခြေလျင်စစ်ကြောင်းနှင့် Vigo ကားကို မိုင်း(၁၂)လုံး နှင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများပြားပြီး ထားဝယ်တပ်နယ် ဆေးရုံသို့ တင်လိုက်ရပြီး ဆေးရုံတွင် ထားစရာ နေရာတောင်မဆံ့တော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့တို့ ၄၀ ဦး ခန့်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှလည်း ရဲဘော် ၅ ဦး ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်​ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို LLPDF၊DGRF၊T-PDF၊YPPDF၊DDTတပ်ခွဲ(၃)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ထားဝယ် နဂါးတပ်ဖွဲ့မှတပ်ခွဲ(၁) စုစုပေါင်းအဖွဲ့(၇) ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ပွဲအပြန်
#Ayeyarwaddy_Times