ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

သြစတြေးလျနိုင်ငံက ယူကရိန်းကို သံချပ်ကာယာဉ် ၃၄ စင်း ထပ်မံ ထောက်ပံ့မှာဖြစ်ပေမယ့် ရုရှားနိုင်ငံ ကနေ ရွှေတင်သွင်းမှုတွေ ပိတ်ပင်သွားမယ်လို့ ဝန်ကြီးချုပ် အန်ထော်နီအယ်ဘာနိစ်က ကိယက်ဗ်မြို့တော်မှာ မ နေ့က ပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံက ရုရှားဝန်ကြီး ၁၆ ဦးကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ကာ ခရီးသွားလာခွင့် ပိတ် ပင်မှာဖြစ်လို့ သြစတြေးလျနိုင်ငံက ဒဏ်ခတ်အရေးယူထားတဲ့ ရုရှားနိုင်ငံသား ၈၄၃ ဦးအထိ ရှိလာခဲ့တယ်လို့ အယ်ဘာနိစ်က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သြစတြေးလျနိုင်ငံက ယူကရိန်းကို ဒေါ်လာ ၆၈ သန်းနဲ့ညီမျှတဲ့ သြစတြေးလျဒေါ်လာ သန်းရာချီတန် ကြေးရှိ စစ်ရေးအကူအညီ ပေးပို့မယ်လို့ အယ်ဘာနိစ်က ဆိုပါတယ်။

သြစတြေးလျနိုင်ငံက ယူကရိန်းသို့ သံချပ်ကာယာဉ် ၃၄ စင်းနဲ့ မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် စစ် လက်နက်တွေ ပံ့ပိုးပေးမယ်လို့ သူက ပြောပါတယ်။

“ယူကရိန်းကိုလာရောက်တဲ့ ပထမဆုံး သြစတြေးလျဝန်ကြီးချုပ်ဖြစ်ရတ ဂုဏ်ယူပါတယ်။ ဒီခရီးစဉ်က သြစတြေးလျနဲ့ ယူကရိန်းပြည်သူတွေကြား တည်ရှိတဲ့ စည်းလုံးညီညွတ်မှုကို ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း ပြ သတာဖြစ်ပါတယ်” လို့ အယ်ဘာနိစ်က ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ် အယ်ဘာနိစ်ဟာ ဇူလိုင်လ ၁ ရက်က ပါရီမြို့တော်မှာ ပြင်သစ်သမ္မတ အီမန်နျူ ရယ်မေခရွန်နဲ့ တွေ့ဆုံပြီးတဲ့နောက် ယူကရိန်းနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။

စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးတပ်မဟာတစ်ခုဖြစ်တဲ့ International Legion of Defence of Ukraine အတွက် တိုက်ခိုက်ပေးနေတဲ့ သြစတြေးလျအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြီးခဲ့တဲ့လအ တွင်း ကြေညာခဲ့ပါတယ်။

ကိုးကား – CNA
Ref; Australia will ban Russian gold imports, give Ukraine more armoured vehicles: PM Albanese