ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် ၊အင်မထီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့အား ယမန်နေ့ မနက်ပိုင်းက ပြည်သူ့​တော်လှန်ရေးတပ်မတော် – PRA က ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပျူစောထီးရွာဟု ဒေသခံများက သတ်မှတ်ထားသည့် အင်းမထီးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို PRA တပ်မတော် နှင့် မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျူရွာက အင်အား ၂၀၀ လောက်ပါတဲ့ စကစနဲ့ ပျူတွေကို ရွာအထွက်မှာ မိနစ် ၄၀ကြာ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပျူတွေနဲ့ စကစ အနည်းဆုံး ၈ ဦး သေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်”ဟု PRA မှ ဗိုလ်ဂျပန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အညာဒေသရှိ ထန်းပင်များ၏ အကာအကွယ်ဖြင့် တော်လှန်ရေးရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PRA က ရေးသားထုတ်ပြန်ထားသည်။

#အင်းမထီး #စစ်ကောင်စီ #ပျူစောထီး #PRA #တိုက်ခိုက်
#Ayeyarwaddy_Times