ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်

တက္ကသိုလ်ကျောင်းသား ခုနှစ်ဉီး အပါအဝင် အကျဉ်း သားတွေကို သေဒဏ်ပေးထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသားတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ်ဖျက်သိမ်းပေးသင့်ပါ တယ်” လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့အတူ ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ HRW က ပြောပါတယ်။

တစ်ကမ္ဘာလုံးရဲ့ ရှုတ်ချမှုတွေ ဖြစ်စေခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားလေးဉီးကို ကြိုးပေးကွက်မျက်ပြီးနောက် စစ်ကောင်စီထိန်းချုပ် တရားရုံးတွေက အခုလို သေဒဏ်တွေ ထပ်မံချမှတ်တာဖြစ်ပါ တယ်။

“စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုတွေက နိုင်ငံတကာရဲ့ မျှတသော တရားစီရင်မှု စံချိန်စံနှုန်းတွေကိုဆန့် ကျင်ပြီး တံခါးပိတ် တရားစီရင်တာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအများစု ပယ်ချတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်ဒဏ်ပေးမှုတစ်ခုဖြစ်တဲ့ အကျဉ်းသားတွေအပေါ် ချမှတ်ထားတဲ့ သေဒဏ်တွေကို စစ်ကောင်စီက ချက်ချင်း ပြစ်ဒဏ်လျှော့ပေါ့သင့်တယ်လို့ HRW မှ မြန်မာသုတေသီ မန်နီမောင်က ပြောပါတယ်။

ရန်ကုန်မြို့တော်ရှိ စစ်ဘက်တရားရုံးတစ်ရုံးက နိုဝင်ဘာ လ ၃၀ ရက်မှာ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားခုနှစ်ဉီးကို သေဒဏ်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ် တရားရုံးတွေ က လူ ၄၁ ဉီးကို မျက်ကွယ်သေဒဏ်ချမှတ်မှု အပါအဝင် လူ ၁၃၈ ဉီးကို သေဒဏ်ပေးခဲ့ပါတယ်။

ကိုးကား – Laprensa Latina
Ref; Rights groups urge Myanmar to commute sentences of all death row prisoners