ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

စစ်ကိုင်းတ်ိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ် မြေနုကျေးရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဝင်ရောက် မီးတင်ရှို့နေတယ် လို့ ဒေသခံတွေကပြောပါတယ်။

မြေနုကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင် ရှိပြီး လက် ရှိမှာ ၂ အိမ်မီးလောင်ကျွမ်းနေသလို နောက်ထပ်အိမ်တွေကိုလည်း မီးဆက်လက်ကူးနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အခုဆို မြေနုကျေးရွာကို စစ်တပ်က ဝင်ပီးမီးရှို့တာ ၂ ကြိမ်ရှိပြီ။ မသင်္ကာတဲ့အိမ်ဆိုရင် မီးဝင်ရှို့တာပဲ။ ကိုယ့်အထုတ်လေးကိုယ်ယူပြီး ပြေးကြရပြန်ပီ။ ထောက်ပို့တွေအိမ်ဆိုလည်း လူကပြေးနေပေမယ့် အိမ်တွေကို မီးရှို့တာပဲ စစ်တပ်ကတော့အရမ်းကိုယုတ်မာလာပြီ” လို့ ကသာမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီ မြေနုကျေးရွာက လူနေအိမ် ၂ အိမ်ကို နိုဝင် ဘာလ ၁၉ ရက်နေ့မှာ ပထမအကြိမ် စစ်ကောင်စီတပ်သားတွေက မသင်္ကာလို့ဆိုပြီး ဝင်ရောက်မီးရှို့ခဲ့တယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါ့ပြင် နိုဝင်ဘာလ ၂၄ ရက်နဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်းကသာမြို့နယ်၊ မင်းလယ်ကျေးရွာကို စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်မီးရှို့ခဲ့လို့ အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင်ပြာကျသွားခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ မင်းလယ်ကျေးရွာကဒေသခံတစ်ဦးရဲ့နေအိမ်
#Ayeyarwaddy_Times