ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

အောက်တိုဘာလအတွင်း ဗုံးဖောက်ခွဲမှုတစ်ခုကြောင့် ပျက်စီးသွားခဲ့တဲ့ ခရိုင်းမီးယားဒေသရှိ တံတားတစ် စင်းပေါ်မှာ သမ္မတ ဗလာဒီမာပူတင် ကားမောင်းနေတဲ့ ရုပ်သံဗွီဒီယိုကို ရုရှားသမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတောင်ပိုင်းရှိ ခရိုင်းမီးယားကျွန်းဆွယ်ကို ချိတ်ဆက်ဖို့ ရုရှားနိုင်ငံက ၂၀၁၈ ခုနှစ်မှာ ခ ရိုင်းမီးယားတံတားကို ဖွင့်လှစ်ခဲ့ပါတယ်။ ရုရှားက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို တစ်ဖက်သတ် ကျူး ကျော်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကားလမ်းနဲ့ ရထားလမ်းပါရှိတဲ့ အဲဒီတံတားက ခရိုင်းမီးယားကျွန်းဆယ်ကို ရုရှားနိုင်ငံက ထိန်းချုပ်ထား တဲ့ အမှတ်သညှာတစ်ခုဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ခရိုင်းမီးယားတံတားက မဟာဗျူ ဟာမြောက် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယမန်နေ့က ခရိုင်းမီးယားတံတားပေါ်ရှိ ပြုပြင်ထားတဲ့ ကားလမ်းမ တစ်လျောက် ကားမောင်းနှင်ပြခဲ့ပါတယ်။

ခရိုင်းမီးယားတံတားက အခြေအနေကောင်းနေပြီဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ နဂိုအနေအထားပြန်ရောက်ရှိ ဖို့ လိုအပ်နေသေးတယ်လို့ ပူတင်ကိုကိုးကားပြီး ရုရှားနိုင်ငံပိုင်သတင်းဌာနတွေက ဖော်ပြပါတယ်။

ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်လက်ပြီး ထိန်းချုပ်ထားလိုတဲ့ဆန္ဒကို ပြသဖို့ ပူတင်က တံတားပြင်ဆင် ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ပြီးစီးလိုတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံကလည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ဖို့ ရည်ရွယ်နေပြီး အဲဒီတံတားက တရားမဝင် တံတားတစ်စင်းဖြစ်တယ်လို့ ထပ်တလဲလဲ ထုတ်ဖော်ပြောခဲ့ပါတယ်။
ကိုးကား – NHK

Ref; Putin drives across Crimean Bridge damaged in October blast