ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

ကရင်နီ(ကယား)ပြည််နယ်၊ ဖရူဆိုမြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ KNDF B/04 ရဲဘော်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ် စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် ရဲဘော်ဂျေရုမ်းကျဆုံးသွားကြောင်း သိရသည်။

ကျဆုံးရဲဘော်ဂျေးရုမ်းမှာ နယ်မြေရှင်းလင်းစဥ်အတွင်း စစ်ကောင်စီတပ်များ ထောင်ထားသည့် မိုင်းနင်းမိသည့်အပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ထပ်မံ ပစ်ခတ်သည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း KNDF B/04 သိရသည်။

ကျဆုံးရဲဘော်ဂျေးရုမ်း၏ စျာပနအခမ်းအနားကို ယနေ့တွင် ဖရူဆိုမြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

KNDF B/04 သည် တည်ထောင်ခါစ ရဲဘော်ဂျေရုမ်း မကျဆုံးသည်အထိ တိုက်တိုင်းအောင် ကျဆုံးမှုမရှိပဲ အမြဲတမ်း အောင်ပွဲခံသည့် KNDF တပ်ရင်း တစ်ခုဖြစ်ပြီး ရဲဘော်ဂျေရုမ်းမှာလည်း KNDF B/04မှ ပထမကျဆုံးသွားသောရဲဘော်ဖြစ်ကြောင်း KNDF B/04ထံမှ သိရသည်။

ဓာတ်ပုံ – We are KNDF
#ဖရူဆို #KNDFB/04 #စစ်ကောင်စီ #နင်းမိုင်း #ကျဆုံး
#Ayeyarwaddy_Times