ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အခြေစိုက် DMO Local PDF တပ်ရင်း(E) အတွက် လိုအပ်သည့်ဒရုန်းတစ်စင်း ဝယ်ယူရန် Drone Project ကို ဒီဇင်ဘာလ ၃ ရက်မှ ၇ က်အထိသတ်မှတ်၍ အလှူငွေကောက်ခံပေးနေကြောင်း Wings of Urban Revolution ထံမှသိရသည်။

လက်ရှိတွင်အာဏာသိမ်းစစ်ကောင်စီတပ်မှ ကယားပြည်နယ်အတွင်း မြေမြှပ်မိုင်းများအသုံးပြုတိုက်ခိုက်မှုများ များပြားစွာပြုလုပ်လာသည့်အတွက် မြေပြင်မှတိုက်ခိုက်ရန်အခက်အခဲများရှိလာသောကြောင့် ဝေဟင်မှနေ၍ထိရောက်စွာ တိုက်ခိုက်နိုင်ရန် ဒရုန်းတစ်စီးဝယ်ယူရန် အတွက်အလှူခံရခြင်းဖြစ်ကြောင်း သိရသည်။

Drone Project စတင်သည့်ရက်မှ ယနေ့အချိန်အထိ သတ်မှတ်အလှူငွေ၏ ထက်ဝက်ခန့်သာ ရရှိနေသေးကြောင်း Wings of Urban Revolutionရဲ့ အမှုဆောင်ဒါရိုက်တာ ကိုငြိမ်းမောင်က ပြောသည်။

“ကျွန်တော်ပြောချင်တာကတော့ ဒီ Drone Project ဟာ စပြီးအလှူခံနေတာကြာပြီ၊ သို့ပေမယ့် Project Target ရဲ့ တစ်ဝက်တောင်မရသေးဘူးဗျ။ နောက်ပြီး ဒရုန်းတစ်စင်းရှိခြင်းဟာလည်း အသုံးဝင်မှုတွေများတယ်၊ မြေပြင်ကရဲဘော်တွေဆုံးရှုံးမှုနည်းမယ်။ အသက်တွေက သေပြီးရင် ပြန်မရဘူးဗျ။ ဆိုတော့ ပြည်တွင်း‌/ပြည်ပက လူထုအနေနဲ့ ပြန်ရှာလို့ရတဲ့ ငွေနဲ့ ဒီ Project မှာပါဝင်ကူကြဖို့ တိုက်တွန်းချင်တယ်ခင်ဗျာ”ဟု Wings of Urban Revolution၏ အမှုဆောင်ဒါရိုက်တာ ကိုငြိမ်းမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝေဟင်မှ ဒရုန်းနှင့် တိုက်ခိုက်ခြင်းမှာ မြေပြင်၌ တိုက်ခိုက်ရခြင်းထက် လူအင်အားသက်သာခြင်း၊ စစ်ရေးပစ်မှတ်များကို ထိရောက်စွာတိုက်ခိုက်၊ ထောက်လှမ်းနိုင်ခြင်းစသည့် အသုံးဝင်မှုများရှိနေကြောင်း သိရသည်။

DMO Local PDF အနေဖြင့်အခြားမဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေသည်မှာ တစ်နှစ်ကျော်ကြာနေပြီဖြစ်ကာ ဒရုန်းတစ်စင်းလိုအပ်နေမှုကြောင့် မိဘာပြည်သူများအနေဖြင့် တက်နိုင်သလောက်ဝိုင်းဝန်းလှူဒါန်းစေလိုကြောင်း Wings of Urban Revolutionရဲ့ အမှုဆောင်ဒါရိုက်တာ ကိုငြိမ်းမောင်က ဖိတ်ခေါ်ထားသည်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် Wings of Urban Revolution၏ လူမှုကွန်ရက်စာမျက်နှာ (https://www.facebook.com/profile.php?id=100077305983986…) Messenget မှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

#DMOLocalPDF #ဒရုန်း #အလှူငွေ
#Ayeyarwaddy_Times