ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပညာရေးတက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီဝန်းကျင်တွင် အမျိုးသမီးငယ်တစ်ဦး ဦးခေါင်း အုတ်ခဲဖြင့်ထုခံရပြီး အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေခံလူမှုကူညီရေးအသင်းအဖွဲ့ထံမှ သိရှိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဝန်ထမ်းအမျိုးသမီးငယ်သည် ၄င်း၏ရည်စားဖြစ်သူကောင်လေးနှင့် စစ်ကိုင်းတက္ကသိုလ်ဝန်းအတွင်းတစ်နေရာ၌ချိန်းတွေ့စဥ် ရည်းစား ဖြစ်သူကောင်လေးမှ လိင်ကိစ္စတောင်းခံရာခွင့်မပြုသဖြင့် အမျိုးသမီးငယ်ကိုအုတ်ခဲဖြင့် ဦးခေါင်းအားရိုက်ခွဲပြီး အရှင်လတ်လတ်ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
မီးရှို့ခံရသည့်အမျိုးသမီးငယ်မှ မီးလောင်ဒဏ်ရာများဖြင့် ပတ်ဝန်းကျင်အားအကူအညီတောင်းခံသဖြင့် အချိန်မီကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဖြစ်စဥ်ကို ကောင်မလေးက မီးလောင်နေရင်း အော် ဟစ်အကူအညီတောင်းတော့မှ ပတ်ဝန်းကျင်ကသိပြီး အချိန် မီကယ်တင်နိုင်ခဲ့တာပါ။အသက်တော့ မသေဘူး။ ကောင် မလေးက စစ်ကိုင်းပညာရေးတက္ကသိုလ်ကဝန်ထမ်းကောင်မလေး။ သူ့ကောင်လေးနဲ့ ချိန်းတွေ့နေတုန်း sex ကိစ္စကိုမလိုက်လျောလို့ လုပ်တာလို့ပြောတယ်။ သူ့ကိုကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာလည်း အင်္ကျီအဝတ် အစားတွေကဆွဲဖြဲထားတာနဲ့ မီးလောင်ထားတာနဲ့ အဝတ် အစားတောင်သိပ်မကျန်ဘူး။ ကောင်လေးကထွက်ပြေးနေတယ်မမိသေးဘူး “ဟုနယ်မြေခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်ဆီလောင်းမီးရှို့ခံရသူအမျိူးသမီးငယ်မှာ ခန္ဓာ ကိုယ် ၇၀ ရာခိုင်နှုန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း ဆေးကုသမှုကို အချိန်ကြာခံယူရဦးမည်ဖြစ်ကြောင်း ၎င်းမှ ပြောသည်။
#စစ်ကိုင်း #ပညာရေးတက္ကသိုလ် #အမျိုးသမီးငယ် #ဓာတ်ဆီလောင်း #မီးရှို့ခံရ #AyeuarwaddyTimes