ဧရာဝတီတိုင်းမ်
(ရေစကြို) ၊ ဒီဇင်ဘာလ ၅ ရက်

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ရဲစခန်းအား စခန်းသိမ်း တိုက်ရန်လာသော PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ ၄ ရက် ၊ နေ့လည် ၁၂ နာရီခန့်တွင်ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန်တိုက်ပွဲများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က PDF တပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး မေးမြန်းမှုများပြုလုပ်နေစဥ် PDF ဘက်မှ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး Black Wolf PDF-MDY တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“သူတို့ရှေ့ကင်း ၁၀ယောက်ကျော်နဲ့ အရင်တွေ့တာပါ။ထိပ်တိုက်တွေ့တော့ သူ့တို့ဖက်က မေးတယ်။မင်းတို့ ဘယ်သူတွေလဲ ဘယ်ကလဲ မေးတယ်။အကုန်လုံးက အရပ်ဝတ်တွေနဲ့ ဆိုတော့ သူတို့က ကျွန်တော်တို့ pdf ဆိုတာ မသိဘူး။ကျွန်တော်တို့က သူတို့ဘယ်သူလဲဆိုတာသိတယ်။အဲ့တော့ ကျွန်တော်တို့ဖက်က လက်ဦးမှုရယူလိုက်တာ အဲ့နေရာ တင် ၁၀ဦး ကြွကုန်တယ်”ဟု Black Wolf PDF-MDY အဖွဲ့၏ တာဝန်ခံက ဧရာဝတီတိုင်းကို ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် အင် အား ၃၀ ကျော် စစ်ကူရောက်ရှိလာပြီး အချိန်တစ်နာရီခွဲကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုများထပ်မံဖြစ်ပွါးခဲ့ကြောင်းသိရသည်။

တိုက်ပွဲအတွင်း မဟာမိတ် Myingyan Black Tiger (MBT)မှ ရဲဘော်ဦး ပြင်းထန်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Black Wolf PDF-MDY အဖွဲ့၏ သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား Black Wolf PDF-MDY နှင့် ညီနောင်မဟာမိတ်များ ဖြစ်ကြသော Myingyan Black Tiger (MBT)တပ်ဖွဲ့ ၊ ရေကင်းတပ်ဖွဲ့ ၊ VOMDY-Front Warrior တပ်ဖွဲ့ ၊ MGN-35 တပ်ဖွဲ့ ၊ BURMESE GUERRILLA FORCE – BGF တပ်ဖွဲ့ ၊YSO UG ညီငယ်လေးများတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#AyeyarwaddyTimes