ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
ဧရာဝတီတိုင်းမှာ ဧပြီလမှ နိုဝင်ဘာလအထိ ၈ လအတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာ ၆၀၀ ကျော်ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ ၁၇၁ ဦးမှာ ထောင်ဒဏ် တွေချမှတ်ခံထားရတယ်လို့တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံကနေသိရပါတယ်။
“ဧပြီကနေ ဒီဇင်ဘာလအထိအထိ ၆၀၀ ကျော်ရှိတယ်။ နို၀င်ဘာလမှာဘိုကလေးမြို့နယ်ကတုံးလေးကျွန်းမှာစက်လှေပျက်ပြီး ၀င်လာတဲ့၆၂ဦးကနောက်ဆုံးမိတာအဖမ်းခံရခြင်းမရှိပဲ လွတ်မြောက်သွားတဲ့သူတွေလည်းရှိတယ်။ ဖမ်းမိတဲ့သူအများစုက ဗမာစကား မပြောတတ်ကြဘူး”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ရိုဟင်ဂျာများကို ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မြောင်းမြနှင့် ကျိုက်လတ်မြို့နယ်များတွင်အသီးသီးဖမ်းဆီးခံထားရတာဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာများကို သက်ဆိုင်ရာတရားရုံးတွေက လ၀ကဥပဒေနဲ့ ထောင်ဒဏ်၂နှစ်သာချမှတ်ကြပေမယ့် ဘိုကလေးမြိုနယ်အတွင်းမှာဖမ်းဆီးထားတဲ့ရိုဟင်ဂျာ ၆၉ ဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘင်္ဂါလီ ၃၅ ဦးကိုနို၀င်ဘာ ၁၅ ရက်နေ့မှာ ဘိုကလေးမြိုနယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီကျခံစေဖို အမိန့်ချမှတ်လိုက်တယ်လို တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရပါတယ်။
ယခင် NLD ပါတီအရပ်သားအစိုးရလက်ထက်မှာ ဧရာဝတီတိုင်းအတွင်း အထောက်အထားမဲ့ရိုဟင်ဂျာလူမျိုးများ နှစ်စဥ်ဖမ်းမိလေ့ရှိပြီး ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသော်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ဖမ်းဆီးခံရသူ ၆၀၀ကျော်အနက်မှ ၁၀၉ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရပြီး၃၅ဦးမှာထောင်ဒဏ်၅နှစ်ချမှတ်ခံရတယ်လိုသိရပါတယ်။
ဧရာဝတီတိုင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းသည် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး ရိုဟင်ဂျာများကို နှိပ်ကွပ်ခြင်းသာဖြစ်သည်ဟု လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်ခေါင်းဆောင် ခြောက်ဦးကိုလည်း ၂၀၁၇ခုနှစ် သြဂုတ်လက ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများအဖြစ် မြန်မာရိုဟင်ဂျာအသင်းက အာဂျင်တီးနားတရားရုံးမှာ အမည်စာရင်တင်သွင်းထားပြီး ယနေ့အချိန်အထိ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားလိုပြုတရားစွဲဆိုထားမှုမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က တင်သွင်းခဲ့တဲ့ ကန့်ကွက်ချက် လေးချက်စလုံးကို ဂျူလိုင်လ ၂၂ရက်နေ့မှာ တရားသူကြီးတွေက ပယ်ချခဲ့ပြီး အမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ယခုနှစ် မတ်လအတွင်းမှာ တရားဝင်ကြေငြာထားပါတယ်။
#ဧရာဝတီ #ရိုဟင်ဂျာ #ဖမ်းဆီး #ထောင်ဒဏ်
#Ayeyarwaddy_Times