ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
ပဲခူးတိုင်း ၊ သာယာဝတီမြို့နယ်အတွင်း ဩဂုတ်လ မှနိုဝင်ဘာလအထိ ဆင်နွှဲ့ခဲ့သော နန်းထိုက်အောင် စစ်ဆင်ရေး ၄ လအတွင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ၁ ဦး နှင့် အုပ်ချုပ်ရေးမှူး ၃ဦးတို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပထမဆုံးစစ်ဆင်ရေးအဖြစ် ဩဂုတ်လ ၅ ရက်နေ့တွင် သာယာဝတီမြို့နယ် ၊ စည်ပင်အုပ်စု အုပ်ချုပ်ရေးမှုး ဝင်းဇော်ဆိုသူအား စည်ပင်ရွာနှင့် သိုက်တောရွာကြားရှိ ပန်းဆွဲလမ်းမမှာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ရှပ်ထိဒဏ်ရာနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဒုတိယစစ်ဆင်ရေးအဖြစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် သာယာဝတီမြို့နယ် ရေတွင်းကုန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး လူမိုက်ကျော်အေးဆိုသူအား ၎င်း၏နေအိမ်အနီး ရွာလမ်းမပေါ်တွင် ဂဠုန်တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ပြန်ရာ အသက်မသေပဲ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တတိယမြောက် စစ်ဆင်ရေးအဖြစ် စက်တင်ဘာလ ၄ ရက်နေ့တွင် သာယာဝတီမြို့နယ် လှည်းလမ်းကူကျေးရွာအုပ်စု မရမ်းအင်းရာအိမ်မှူး စိုးဝင်း၏သားစစ်ကောင်စီသတင်းပေး အောင်ချစ်မင်းဆိုသူ နှင့်နွားနယ်ကျော်ခများကောက်ခံလျက် စစ်ကောင်စီတပ်များအားထောက်ပံ့နေသော သဲဝါ၊ဘိုးကြီးကုန်း ရာအိမ်မှူး အောင်ဖဲဆိုသူနှစ်ဦးအား စည်ပင်ရွာပိုင် ပန်းဆွဲလမ်းမပေါ်တွင်ပစ်ခတ်ရှင်းလင်းခဲ့ရာတွင် နှစ်ဦးစလုံးမှာ အသက်မသေပဲ တစ်ဦးမှာ ပြင်ထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့မှ ထပ်မံ၍ နန်းထိုက်အောင်စစ်ဆင်ရေး အဖြစ် သာယာဝတီမြို့နယ် ၊ သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်အုပ်ချုပ်ရေးမှုး ထွန်းထွန်းဝင်းဆိုသူအား အောက်တိုဘာလ ၁၉ရက်နေ့တွင် လက်ပံတန်းမြို့အနီး ရန်ကုန်-ပြည်ကားလမ်းရှိချမ်းသာကုန်းကျေးရွာတွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး၎င်း၏ဇနီး လဲ့လဲ့ဝင်းအား စည်ပင်ရွာနှင့် သိုက်တောရွာကြားရှိ ပန်းဆွဲလမ်းမမှာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဦးစလုံးမှာ အသက်မသေပဲ ရှပ်ထိဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ နိုဝင်ဘာလအတွင်းတွင် လေးကြိမ်တိုင်တိုင် လှုပ်ရှားခဲ့ရာ နိုဝင်ဘာလ ၂ ရက်နေ့တွင် သာယာဝတီမြု့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု ၊ ကိုးပင်ရိုးရွာမှ မြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင် ပိုက်တင်ဆိုသူအား ဇိမ်ဇာရွာနှင့် စမ်းတွင်းရွာကြား လမ်းမပေါ်တွင် အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလ ၁၄ရက်နေ့တွင်လည်း သာယာဝတီမြို့နယ် အိုင်ကဒုံအုပ်စု အုပ်ချုပ်ရေးမှူး မင်းနိုင်ဆိုသူနှင့် မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြီးမြင့်ဆိုသူ နှစ်ဦးအား သုံးဆယ်-ဖိုးခေါင်လမ်း ညောင်နီကုန်းကျေးရွာအနီး အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ သာယာဝတီမြို့နယ် ၊ သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဆိုသူအား စက်တင်ဘာလ ၂၅ ရက်နေ့တွင် သုံးဆယ်မြို့မ ဈေးအလယ်ခေါင်၌ အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြထားသည်။
ပဲခူးတိုင်း ၊ သာယာဝတီမြို့နယ်အတွင်း ၂၀၂၂ခုနှစ် ဩဂုတ်လ မှ နိုဝင်ဘာလအထိ ၄ လအတွင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှာ နန်းထိုက်အောင်စစ်ဆင်ရေးကို ၁၀ ကြိမ်တိုင်တိုင် လှုပ်ရှားနိုင်ခဲ့ပြီး ၎င်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် ဆက်စက်ပတ်သက်နေသူ ၆ ဦးကို ပစ်ခတ်သတိပေးနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူး ၄ ဦးကို အသေပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
#သာယာဝတီ #ဂဋ္ဌုန်တပ်ဖွဲ့ #နန်းထိုက်အောင်စစ်ဆင်ရေး #သေဆုံး
#Ayeyarwaddy_Times