ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
၂၀၂၂ ခုနှစ် သို့မဟုတ် ၂၀၂၃ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အန္တရာယ်ရှိနိုင်တဲ့တိုင်း ပြည်များစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ Early Warning Project အန္တရာယ် အကဲဖြတ်မှုစာရင်းအရ သိရပါတယ်။
မြန်မာနိုင်ငံက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အန္တရာယ်ရှိနိုင်တဲ့တိုင်းပြည်များစာရင်းမှာ ၁၉၄၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ထည့်သွင်းခံခဲ့ရတာဖြစ်တယ်လို့ အဲဒီစာရင်းကိုထုတ်ပြန်တဲ့ The United States Holocaust Memorial Museum က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ အ ရပ်သားတွေ၊ ရိုဟင်ဂျာတွေ၊ ကရင်၊ ကချင်၊ တအောင်း၊ မွန်၊ လီဆူးနဲ့ ရှမ်းအပါအဝင် တိုင်းရင်းသားလူနည်းစုတွေ အပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီနှစ်စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေပါဝင်တာဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက် လက်ဖြစ်နေတယ်ဆိုတဲ့ လက္ခဏာတွေကြောင့်ဖြစ်ပါတယ်။
အရပ်သားတွေအပေါ် စနစ်တကျ အကြမ်းဖက်မှုတွေ ကျူးလွန်မှုဖြစ်စေတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အရပ်သားခေါင်းဆောင်တွေကို ဖြုတ်ချခဲ့ချိန်မှာ မြန်မာနိုင်ငံက အဲဒီစာရင်းမှာ အဆင့် ၁၇ နေရာမှာ ရှိ ခဲ့တာပါ။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သား ၁၆၀၀ ထက် မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေများစွာ လှုပ်ရှားလာမှုနဲ့အတူ အရပ်သားတွေ ပစ်မှတ်ထားခံနေရတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ သဘောသဘာဝနဲ့ အန္တရာယ်အရှိဆုံးသူကို မည်သူမည်ဝါသတ်မှတ်ဖို့ အသေးစိတ်အကဲဖြတ်မှု တစ်ခု လိုအပ်ပါတယ်။
ကိုးကား – Early warning project
Ref; 2022-23 Statistical Risk Assessment for Mass Killing