ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာတွင် စွန်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ ဒီဇင်ဘာလ ၅ ရက် မနက် ၈ နာရီဝန်းကျင်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။
မင်္ဂလာဒုံမြို့နယ်၊ငွေနံ့သာရွာနှင့် ဘားလားရွာအကြား တပင်ရွှေထီးလမ်းပေါ်တွင် ဒဏ်ရာမရှိဘဲသေဆုံးနေသည့် ရိုဟင်ဂျာအမျိုးသားများကို တွေ့ရှိရခြင်းဖြစ်ပြီး အောက်ဆီဂျင်ပြတ်တောက်အသက်ရှုကျပ်သေဆုံးသည့်ပုံစံမျိုးဖြစ်သည်ဟုဆိုသည်။
” တွေ့တာက အပိုင်ကလှည်းကူး၊ဘားလားအပိုင်ပေါ့။ မင်္ဂလာဒုံ၊ငွေနံ့သာရွာနဲ့ဘားလားရွာကြားက လမ်းဘေးမှာပစ်ထားခဲ့တာ။ အားလုံး ၁၃ လောင်း၊ အလုံပိတ်ကားနဲ့သယ်လာပြီးတော့ အောက်ဆီဂျင်ပြတ်အသက်ရှုကြပ်ပြီး ပုံစံမျိုးနဲ့သေနေတာကို ဒီတိုင်းပစ်ထားခဲ့တာမျိုး” လို့ လှည်းကူးရဲတပ်ဖွဲ့နှင့်နီးစပ်သူဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ရုပ်အလောင်းများကို လှည်းကူးဆေးရုံရှိရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ၄င်းရိုဟင်ဂျာများအား တင်ဆောင်လာသည့် ယာဥ်နှင့်ယာဥ်မောင်းကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းတွင်လည်း လှည်းကူးမြို့နယ် ၊ညောင်နှစ်ပင် ဇုန် ၁ အနီးတွင် ကလေး ငယ်များအပါအဝင် ရိုဟင်ဂျာအမျိုးသား၊အမျိုးသမီး ၆၈ ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
#လှည်းကူး #ရိုဟင်ဂျာ #၁၃ ဦး #သေဆုံး #အလောင်းစွန့်ပစ် #AyeyarwaddyTimes