ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ)စစ် တိုင်းရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒီဇင်ဘာလ ၂ ရက်နေ့က သေဆုံးခဲ့လို့ ယမန်နေ့က ကျိုင်းတုံမြို့ဟွေ ဖြန်းသုသာန်ကိုပို့ဆောင်သဂြိုဟ်ပေးခဲ့တယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသွားသူမှာ စစ်ကောင်စီတပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ) စစ်တိုင်းရုံးက အသက် ၄၈ နှစ် အရွယ် တပ်ကြပ်ကြီး ကျော်စွာဝင်း ဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့ အမှတ် ၃ တပ်မတော်ဆေးရုံ(ကုတင်-၃၀၀) မှာ ရောဂါနဲ့သေဆုံးသွားတာလို့ဆိုပါတယ်။
”တြိဂံစစ်တိုင်းရုံးထဲက စခန်းရုံးက တကက ကျော်စွာဝင်းဆုံးတာပါ။ သာမာန်ရောဂါနဲ့ဘဲဆုံးတာ၊ ကိုဗစ်ဘာညာ စစ်တာတော့မရှိဘူး၊ စစ်ဆေးရုံမှာသေတာ မနေ့ကစစ်အခမ်းအနားနဲ့သဂြိုလ်ပါတယ်” လို့ ကျိုင်းတုံ တြိဂံဒေသစစ်တိုင်းနဲ့နီးစပ်သူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေဟာ စစ်တိုင်းရုံးဖြစ်လို့ တိုက်ခိုက် ရေးသွားရောက်ရတာမျိုးမရှိပေမယ့် ဆိုင်ကယ်မတော်တဆမှု၊ ရောဂါနဲ့သေဆုံးမှုတွေအပါအဝင်မကြာခဏသေ ဆုံးမှုရှိတယ်လို့ သိရပါတယ်။
#ကျိုင်းတုံ #တသခ #တကက #ကျော်စွာဝင်း #သေဆုံး #Ayeyarwaddy_Times