ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ သိမ်းပိုက်ထားတဲ့ဆိပ်ကမ်းမြို့တော် မာရီယူပိုလ်မှာ အလွန်ကြီး မားသော စစ်ဘက်အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေတယ်လို့ Maxar Technologies ကထုတ်ပြန်တဲ့ ဂြိုဟ် တုဓာတ်ပုံတွေအရ သိရပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ မာရီယူပိုလ်မြို့လယ်အနီး U ပုံသဏ္ဍာန် အဆောက်အအုံတစ်လုံးရဲ့ ခေါင်မိုးကို အနီရောင် ဆေးသုတ်ထားပြီး ရုရှားစစ်တပ်ရဲ့ အဖြူရောင်နဲ့ အပြာရောင်ကြယ်ပွင့်တွေကို မြင်တွေ့နိုင်ပါတယ်။
အဲဒီအဆောက်အအုံရဲ့ခေါင်မိုးပေါ်မှာ ရုရှားစစ်တပ်ရဲ့ ဆောင်ပုဒ်အဖြစ် “ရုရှားစစ်တပ်မှ မာရီယူပိုလ်ပြည် သူများအတွက်” ဆိုပြီး ရေးသားထားတာကို မြင်တွေ့နိုင်ပါတယ်။
အဲဒီအဆောက်အအုံက ခဲယမ်းလက်နက်သိုလှောင်ရုံအဖြစ် အသုံးပြုနေတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အ အုံတစ်ခု ဖြစ်နိုင်တယ်လို့ Maxar Technologies က တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“မာရီယူပိုလ်မြို့မှာ မကြာသေးမီက ရုရှား စစ်ဘက်အဆောက်အအုံတစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံရဲ့ခေါင်မိုးမှာ ရုရှားစစ်တပ်ရဲ့ဆောင်ပုဒ် ရေးသားထားတာကို သတိထားမိပါတယ်” လို့ Maxar Technologies က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ရုရှားစစ်တပ်က မာရီယူပိုလ်မြို့မှာ လူနေအဆောက်အအုံများစွာကိုဖြိုချခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေ အရ သိရပါတယ်။ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မာရီယူပိုလ်မြို့ရှိ အခြေခံအဆောက်အအုံ ၉၀ ရာခိုင် နှုန်းခန့် ပျက်စီးခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။
မာရီယူပိုလ်မြို့ဟာ ရုရှားနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပြီး ရုရှားနဲ့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီး ယားဒေသကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းသဖွယ်ဖြစ်ပါတယ်။
ကိုးကား – Hindustan Times
Ref; Russia building massive army base in occupied Mariupol, show satellite images