ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်

အာဏာသိမ်းစစ်ကောင်စီနဲ့ ပိုမို နီးကပ်လာနေတဲ့ ရုရှားနိုင်ငံကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မယ့်အစီအစဉ်ကို ကုလသ မဂ္ဂက ရွှေ့ဆိုင်းလိုက်ပါတယ်။

တရုတ်၊ ရုရှား၊ အမေရိကန်နိုင်ငံတွေ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်ကိုးနိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလ သမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက နိုဝင်ဘာလ ၂၉ ရက်မှာ အစည်းအဝေး စတင်ခဲ့ပါတယ်။

ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရက ခန့်အပ်တဲ့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံ အမတ်ကြီး ဉီးကျော်မိုးထွန်းနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူ ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အဆိုပြုသူတစ်ဉီး မည်သူ့ကို မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ဖို့ ကော်မတီက တွေ့ဆုံခဲ့တာပါ။

ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အကြံပြုချက်တွေ တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရရေးနဲ့ပတ်သက်တဲ့ မေးခွန်းက ရုရှားကျူးကျော်စစ်ပွဲကြောင့် ပထဝီနိုင်ငံရေး တင်းမာမှုတွေဖြစ်နေချိန်မှာ အခက်အခဲတွေဖြစ်နေတာကို ထင်ဟင်စေပါတယ်။

အမေရိကန်၊ တရုတ်နဲ့ ရုရှားက ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံကို ကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဆုံးဖြတ်အုံး မှာမဟုတ်ဖူးလို့ ဝါရင့်သံတမန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးဟောင်း လာတီရှားဗန်ဒန်အဆမ် က ပြောပါတယ်။

“အင်အားကြီးတိုင်းပြည်တွေက လောလောဆယ်မှာ အရေးပါတဲ့ကိစ္စရပ်တွေကို ဖြေရှင်းနေရပါတယ်။ တ ရုတ်နဲ့ရုရှားကတော့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ မြင်တွေ့လိုမှာမဟုတ်ပါဘူး” လို့ သူက ဆို ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဆက်လက်ရရှိခဲ့တဲ့ သံအမတ်ကြီး ဉီးကျော်မိုးထွန်းက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မှာ ရုရှားနိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းဖို့ မဲပေးခဲ့ပါတယ်။
ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မူလက သံအမတ်ကြီး ဉီးကျော်မိုးထွန်းကို တစ်နှစ် သက်တမ်းတိုးပေးဖို့ သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။

ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို ပံ့ပိုးကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသို့ ဖိတ် ကြားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ကာကွယ်ပေးကာ စစ် လက်နက်နဲ့ လောင်စာဆီတွေ ထောက်ပံ့ပေးနေပါတယ်။

ကိုးကား – Aljazeera
Ref; ‘The worry is Russia’: UN delays Myanmar representation decision