ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့မှာ စစ်ကောင်စီက NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ပြည်သူလေးဦးဓါတ်ပုံနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့ ဗီနိုင်းတွေကို ဒီဇင်ဘာ၁ရက်နေ့ကစပြီး မြို့ရဲ့လမ်းဆုံနေရာတွေမှာ လိုက်ကပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဖမ်း၀ရမ်းထုတ်ထားတဲ့ ဗီနိုင်းမှာNLDပါတီကဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးအေးမင်းနှင့် လေးမျက်နှာမြို့နယ် ပြည့်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းတို့အပါအ၀င် ဟင်္သာတမြို့ခံများဖြစ်တဲ့ ဒေါ်သင်းရွှေစင်လှိုင်၊ ဦးမောင်မောင်စန်း၊ ကိုမျိုးသူရကိုကို၊ ကိုရဲရင့်မောင်တို့ ပါ၀င်တယ်လို့ သိရပါတယ်။

“စစ်တပ်ရဲတွေရယ် ထွေအုပ်ရယ် ဗီနိုင်းလိုက်ထောင်နေတာ။ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဘဏ်ရှေ့၊ တရားရုံးရှေ့၊မြို့အဝင်ဂိတ်နဲ့လူစည်ကားတဲ့နေရာတွေမှာ။ အဲ့ထဲမှာပါတဲ့သူတွေက မြို့ကရှောင်သွားတာကြာလှနေပြီ”လို့ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဟင်္သာတမြို့မှာ စစ်ကောင်စီက ယခု ဗီနိုင်းကပ်ခါ ဖမ်း၀ရမ်းထုတ်ထားသူ ၆ ဦးစလုံးရဲ့ နေအိမ်တွေကိုချိတ်ပိတ်ထားပြီး လက်ရှိမှာ သူတို့၆ဦးလုံးဟာ စစ်တပ်ရဲ့လိုက်လံဖမ်းဆီးမှုတွေကြောင့်ဧရာ၀တီတိုင်းအတွင်းမှာရှိမနေတော့ဘူးလို့ မြို့ခံတွေကပြောပါတယ်။

#ဟင်္သာတမြို့ #စစ်ကောင်စီ #NLD #လွှတ်တော်ကိုယ်စားလှယ် #၀ရမ်းထုတ်
#Ayeyarwaddy_Times