ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
နှစ် ၇၀ ကျော်အတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းတစ်ရပ် ကြုံတွေ့နေရတဲ့ သီရိလင်္ကာနိုင်ငံ မှာ လောင်စာဆီလက်ကျန် ကုန်တော့မယ်လို့ စွမ်းအင်ဝန်ကြီးက သတိပေးလိုက်ပါတယ်။
ဓာတ်ဆီလက်ကျန်က တစ်ရက်စာတောင် မရှိတော့ဘူးလို့ သီရိလင်္ကာ စွမ်းအင်ဝန်ကြီး ကန်ချာနာဝီဂျစ် ဆီကီရာက ဇူလိုင်လ ၃ ရက်မှ ပြောပါတယ်။ နောက်ထပ်နှစ်ပတ်ကြာမှ ဓာတ်ဆီတင်ပို့တာ ရောက်ရှိမယ်လို့ သူက ဆိုပါတယ်။
လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးလိုမျိုး ပြည်ပတင်သွင်းကုန်တွေအတွက် ငွေပေးချေဖို့ ဒေါ်လာမရှိ တာကြောင့် သီရိလင်္ကာအစိုးရက မရှိမဖြစ် မော်တော်ယာဉ်တွေအတွက် ဓာတ်ဆီနဲ့ဒီဇယ်ရောင်းချမှု ရပ်ဆိုင်းခဲ့ပါ တယ်။
သီရိလင်္ကာနိုင်ငံမှာ ဒီဇယ် ၁၂၇၇၄ တန်နဲ့ ဓာတ်ဆီ ၄၀၆၁ တန်သာ ကျန်ရှိတော့တယ်လို့ ကန်ချာနာက သတင်းထောက်တွေကို ပြောပါတယ်။
ဇူလိုင် ၂၃ ရက်ဝန်းကျင်တွင် ဓာတ်ဆီတင်ပို့မှု ရောက်ရှိမယ်လို့ မျှော်မှန်းရပြီး ဒီသီတင်းပတ်အတွင်း ဒီ ဇယ်တွေ ရောက်ရှိမယ်လို့ သူက ဆိုပါတယ်။ ပြည်ပကတင်သွင်းတဲ့ လောင်စာဆီနဲ့ ရေနံစိမ်းတွေအတွက် ငွေပေး ချေဖို့ ငွေအလုံအလောက်မရှိဘူးလို့ ကန်ချာနာက ပြောပါတယ်။
သီရိလင်္ကာဗဟိုဘဏ်က ဒေါ်လာ ၁၂၅ သန်းသာ ပေးနိုင်တာကြောင့် ပြည်ပကနေ လောင်စာဆီ ဝယ်ယူမှု အတွက် ပေးချေရမယ့် ဒေါ်လာ ၅၈၇ သန်းအတွက် လိုနေသေးတယ်လို့ သူက ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံက ဒီနှစ်အစောပိုင်းက ပြည်ပကနေ ဝယ်ယူခဲ့တဲ့ လောင်စာဆီတွေအတွက် ကုမ္ပဏီခုနှစ်ခု ကို ဒေါ်လာ သန်း ၈၀၀ ပေးဖို့ ကြွေးတင်ခဲ့တယ်လို့လည်း ၄င်းက ပြောပါတယ်။
မရှိမဖြစ်ကုန်စည်တွေအတွက် ပေးချေဖို့ ပြည်ပငွေကြေး အလုံအလောက်မရှိတာကြောင့် ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံက လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လူဦးရေ ၂၂ သန်းနေထိုင်ရာ ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာက အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းတစ်ရပ် ကြုံတွေ့နေရပါတယ်။
လောင်စာဆီ၊ စားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ပြည်သူအများစုက သက်မွေးဝမ်းကြောင်းအ တွက် မော်တော်ကားတွေပေါ် မှီခိုနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာပါ တယ်။
ကိုးကား – BBC
Ref; Sri Lanka energy minister warns petrol stocks about to run dry