နွေဦးမောင်/ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)၊ ဒီဇင်ဘာလ ၄ ရက်
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတဲ့အခါ မီးလောင်ဗုံးတွေ အသုံးပြုပြီးတော့ မီးရှို့တာတွေပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာတွေထဲရောက်တဲ့အခါ အရင်လို့ မီးတုတ်တွေကိုင်ပြီး မီးရှို့တာမျိုးမလုပ်တော့ဘဲ မီးလောင်ဗုံးတွေ ပစ်ထည့်ကာ အပြင်ဘက်က သေနတ်နဲ့ပစ်ဖောက်ပြီး မီးရှို့တာတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အရင်က စစ်တပ်ဝင်လာပြီဆိုရင် သေနတ်တွေပစ်ပြီး ရွာထဲကို အဝတ်စ ဆီလောင်းပြီး မီးရှို့တာ ခုက အဲ့လိုမျိုးမဟုတ်တော့ဘူး အဝေးကနေ ဂတ်စ်အိုးပုံစံ ဗုံးကို မီးရှို့ပြီးပစ်ထည့်လိုက်တာ မီးတောက် မီးလျှံတွေထွက်လာပြီး မီးလောင်တာလို့ မျက်မြင်တွေ့ရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်တပ်က လက်ရှိ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖို့သုံးတဲ့ မီးလောင်ဗုံးဟာ မီးလောင်လွယ်ပြီး အနံ ဆိုးဝါးတာကြောင့် အိမ်ထဲရှိလို့ အနံရှုမိရင်တော့ ခေါင်းမူးတာတွေ အော့အန်တာတွေဖြစ်ပြီး မလှုပ်ရှား နိုင်အောင်ဖြစ်တက်တယ်လို့ ဆိုပါတယ်။
အဲ့လိုမျိုး မီးလောင်ဗုံးတွေကို စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့ အခါ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာပေါင်း ၅၀၀၀ ကျော်ထိ မီးရှို့ခံခဲ့ရသလို ဒေသခံပြည်သူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲဖြစ်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
#Ayeyarwaddy_Times