ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်

အမေရိကန်နိုင်ငံက တရုတ်၊ ပါကစ္စတန်၊ မြန်မာအပါ အဝင် ကမ္ဘာ့နိုင်ငံ ၁၂ ခုကို လက်ရှိအခြေအနေအရ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့တိုင်းပြည်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဘာသာရေးယုံကြည်ချက်ကို အခြေခံ ပြီး လူပုဂ္ဂိုလ်တွေကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ အကျဉ်းချ၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။

အစိုးရတွေ၊ အစိုးရမဟုတ်သူတွေက သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးလွတ်လပ်ခွင့်နဲ့ ကိုးကွယ်ယုံကြည်မှုကို ထိန်းချုပ်နေတယ်လို့ သူက ဆိုပါတယ်။

ထိုလုပ်ဆောင်ချက်တွေက စီးပွားရေးတည်ငြိမ်မှုကို ထိခိုက်စေကာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်နေပြီး ထိုသို့သော အလွဲသုံးစာမှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်နိုင်ငံက အစိုးရတွေ၊ အစိုးရမ ဟုတ်သူတွေနဲ့အတူ မရပ်တည်ဘူးလို့ ဘလင်ကန်က ပြောပါတယ်။

“ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားစွာ ချိုးဖောက်မှုတွေကြောင့် ၁၉၉၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီရီထရီးယား၊ အီရန်၊ နီကရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်နဲ့ တာမေ့နစ္စတန်တို့ကို ဘာသာရေးလွတ်လပ်ခွင့် အထူး စိုး ရိမ်ဖွယ်ရာတိုင်းပြည်တွေအဖြစ် သတ်မှတ်ကြောင်း ကျွန်တော် ကြေညာပါတယ်” လို့ ဘလင်ကန်က ဆိုပါတယ်။

ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားစွာ ချိုးဖောက်မှုတွေကြောင့် အယ်လ်ဂျီးရီးယား၊ ဗဟိုအာဖရိကသမ္မတ နိုင်ငံ၊ ကိုမိုရိုစ်နဲ့ ဗီယက်နမ်တို့ကို အထူးစောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သူက ပြောပါတယ်။

အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံတိုင်းမှာ ဘာသာရေးလွတ် လပ်ခွင့်အခြေအနေ သို့မဟုတ် ကိုးကွယ်ယုံ ကြည်မှုကို အသေအချာ စောင့်ကြည့်လေ့လာကာ ဘာသာရေးနှိပ်ကွက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှု ရင်ဆိုင်နေရ သူတွေကို အကြံပြုမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Telegraph India
Ref; Religious freedom violation: US designates China, Pak and 10 others as ‘countries of particular concern’