ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၄ ရက်
တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊အရှေ့တောဒေသ၊
ထားဝယ်-ထီးခီး လမ်းမပေါ်တွင် စစ်ကောင်စီတပ်စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
ဒီဇင်ဘာလ ၁ ရက် ညနေ ၅ နာရီခန့်အချိန်တွင် ကျောက်မဲတောင်ဖက်မှထားဝယ်ဖက်သို့ ထားဝယ်- ထီးခီးလမ်းအတိုင်း ထွက်ခွာလာသော စစ်ကောင်စီ ကား ၂ စီးကို ဒွေးညီနောင်တွင် ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထားဝယ်-ပကဖ)၊သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ)ထားဝယ်-ပကဖ နှင့်ကော်သူလေးအာမီတပ်ခွဲ ၃ နှင့်တပ်ခွဲ ၆ တို့ပူးပေါင်း တိုက် ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။
“ကျနော်တို့ အဖွဲ့တွေ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် နေရာနှစ်နေရာ ခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲက ၁၅ မိနစ် လောက်ကြာပါတယ်။ပူးပေါင်းအဖွဲ့တွေဖက်က ၄၀ မမ ၊ လက်နက်ငယ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ကျနော်တို့အဖွဲ့တွေ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု ထားဝယ်အရှေ့တောပြည်သူ့ကာ ကွယ်ရေးတပ်အင်အားစု (ထား ဝယ်- ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်သား ၃ ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သားများ အထိနာပြီး ရှေ့ဆက်မသွားတော့ပဲ ယင်းနေရာမှနောက်ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှသိရပါသည်။
ဓာတ်ပုံ-ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ် အင်အားစု (DEF-PDF) ရဲဘော်များ။
#Ayeyarwaddy_Times