ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဒီဇင်ဘာလ ၄ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ရွာအနီးတွင် ဒီဇင်ဘာလ ၂ ရက်နေ့က ရိက္ခာထောက်ပို့လာသည့်ကားပျက်၍ပြင်နေစဥ် စစ်ကောင်စီလက်အောက်ခံတပ်သားနှင့် ရဲများ အချင်ချင်းစကားများရန်ဖြစ်ကာ ထောက်ပို့ကားအားမီးရှို့ဖျက်ဆီးကာလာရာလမ်းအတိုင်းပြန်လှည့်သွားကြောင်း သတင်းရရှိသည်။
ပခုက္ကူ တပ်မ(၁၀၁)တပ်မှ ကျောက်ခွက်ရေနံမြေစခန်းသို့ ထောက်ပို့လာရာ ကားပျက်၍ပြင်နေစဉ် ဒေသခံကာကွယ်ရေးတပ်များ၏တိုက်ခိုက်မှုကိုခံရပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ရေတံချောင်းနယ်မြေရဲစခန်းမှ ရဲများစကားများရန်ဖြစ်ကြကာ ရိက္ခာတင်ကားအားမီးရှို့၍ပြန်လှည့်သွားကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ ကားပေါ်မှကျည်အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပ.က.ဖ)ထံမှ သိရသည်။
“မီးလောင်နေတဲ့ကားကိုရှင်းလင်းတာ ကျည်တွေသိမ်းဆည်းရမိခဲ့တာ၊ အဲ့ဒီစစ်ကြောင်းမှာ ရေနံချောင်းနယ်မြေရဲစခန်းကရဲတွေ ၂၀ ကျော်လောက်ပါတယ်၊ သူတို့ချင်းစကားများပြီး စစ်သားတွေကရှို့သွားတာ၊ အထိနာတာလဲပါတယ်၊ စစ်ကြောင်းကတော့အခု ၅ မိုင်အကွာလောက်မှာရှိနေသေးတယ်။” ဟု မြိုင်(ပကဖ)မှ ဗိုလိလက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီးလောင်နေသည့် ကားအားရှင်းလင်းရာ ကားပေါ်မှ AKကျည် ၂၆၂ တောင့်၊ ၇.၆၂ကျည် ၃၀၆၉တောင့်၊ ၉မမကျည် ၅၀ တောင့်၊ ရဲဝတ်စုံ ၅ ထည် သိမ်းဆည်းရခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ မြိုင်(ပကဖ)နှင့် ပူးပေါင်းတပ်များမှ ဒရုန်းတိုက်ခိုက်မှုများအပါအဝင် မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် စစ်ကြောင်းမှူးဒဏ်ရာရရှိခဲ့ပြီး တပ်သား ၄ ယောက်သေဆုံးခဲ့သည်အထိ အထိနာခဲ့ပြီးနောက် ယခုကဲ့သို့ ရဲများနှင့် စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။
#Ayeyarwaddy_Times