ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားပေးနိုင်မယ်လို့ မျှော်မှန်းရတဲ့ B-21 ကိုယ်ပျောက်ဗုံးကြဲ လေ ယာဉ်သစ်တစ်မျိုးကို အမေရိကန်လေတပ်က ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။

B-21 ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်သစ် ထုတ်ဖော်ပြသတဲ့ အခမ်းအနားကို ပြီးခဲ့တဲ့သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။

B-21 Raider လို့ခေါ်တဲ့ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သစ်ကို လက်ရှိဖြန့်ကြက်ထားတဲ့ B-2 ကိုယ်ပျောက်ဗုံးကြဲ လေ ယာဉ်တွေ ထုတ်လုပ်တဲ့ အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Northrop Grumman က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဗဟာဗျူဟာမြောက် B-21 ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်သစ်က နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်ပြီး ရန်သူ့ရေဒါစနစ်ကနေ ထောက်လှမ်းလို့မရနိုင်တဲ့ ကိုယ်ပျောက်စနစ်ပါရှိကာ လေယာဉ်မှူးမပါဘဲ ပျံသန်းနိုင်တယ်လို့ Northrop Grumman က ပြောပါတယ်။

B-21 ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်သစ်က ဆယ်စုနှစ်သုံးခုကျော်အတွင်း အမေရိကန်စစ်တပ်က ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ဖြစ်တယ်လို့ အခမ်းအနားမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားပါတယ်။

တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာသော နျူကလီးယားခြိမ်းခြောက်မှုကြောင့် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အ မေရိကန်အစိုးရက နျူကလီးယားစွမ်းရည် ခေတ်မီအောင်အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။

အမေရိကန်လေတပ်က B-21 ဗုံးကြဲလေယာဉ်တွေကို ၂၀၂၀ ပြည့်နှစ်အလယ်မှာ တပ်တော်ဝင်ခဲ့ပြီး လက်ရှိမှာ အစင်းရေ ၁၀၀ ခန့် ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုဟန့်တားရာမှာ B-21 ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်သစ်တွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ မျှော်မှန်းရကြောင်း အမေရိကန်မီဒီယာတွေက ပြောပါတယ်။

ဓာတ်ပုံ – အမေရိကန်လေတပ် B 21 ဗုံးကြဲလေယာဥ် ၁ စီး။

ကိုးကား – NHK
Ref; US unveils new B-21 stealth bomber