ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသား တချို့ကို ခေါင်းကို အိတ်အမည်းစွပ်ပြီး ဝိုင်းရိုက်တာတွေပြုလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အကျဉ်းထောင်ထဲမှာ ဆန္ဒပြတာမျိုးတွေ ပြုလုပ်ရင် ထောင်ဝန်ထမ်းတွေက အုပ်စုလိုက် ဝိုင်းပြီး အိတ်အမည်းစွပ်ကာ ဝိုင်းရိုက်တာ တွေပြုလုပ်နေတာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
“ ပြီးခဲ့တဲ့ အပတ်ကဆို ကိုချက်က ရုံးချိန်တောင် မလာနိုင်ဘူး။ ထောင်တွင်း ဆန္ဒပြလို့ ဆိုပြီး ဝိုင်းရိုက်ကြတာ။ ခုက ဆန္ဒပြရင် ခေါ်သွားပြီးတော့ ဝိုင်းရိုက်တာ”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း အကျဉ်းထောင်ထဲကနေ မနက် ၁၀ လောက်မှာ ကယ်ပါဆိုတဲ့ အော်သံ မျိုး ကြားရတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အာဏာရှင်အလိုကျ အကျဉ်းဝန်ထမ်းတွေက ဖိနှိပ်တာတွေ အမျိုးမျိုးလုပ်နေပြီး မကြာခဏဆိုသလို ရိုက်နှက်တာတွေလည်း ပြုလုပ်နေတာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဓာတ်ပုံ – ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။(ပုသိမ်အကျဥ်းထောင်အတွင်းက အကျဥ်းသားများအား မြင်တွေ့ရစဥ်။)
#ပုသိမ်အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #အရိုက်ခံရ
#Ayeyarwaddy_Times