ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ကာကွယ်ရေးစွမ်းပကားတွေ ခိုင်မာအားကောင်းအောင်လုပ် ဆောင်ဖို့ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ပိုလန် အစိုးရက သတ်မှတ်ထားပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစ ရိတ် သုံးစွဲဖို့ သတ်မှတ်ထားပါတယ်။
စစ်တပ်ရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို လက်ရှိ ၁၁၀၀၀၀ မှ ၂၀၃၅ ခုနှစ်မတိုင်မီ ၂၅၀၀၀၀ အထိ နှစ်ဆတိုး မြှင့်ဖို့လည်း ပိုလန်အစိုးရက စီစဉ်နေပါတယ်။ ဒါပေမယ့် စစ်မှုထမ်းစနစ်မရှိတာကြောင့် သတ်မှတ်ထားတဲ့ တပ်ဖွဲ့ ဝင်အရေအတွက် စုဆောင်းနိုင်ဖို့ ပိုလန်နိုင်ငံက အခက်အခဲရှိနိုင်တယ်လို့ ကျွမ်းကျင်သူအချို့က ပြောပါတယ်။
စစ်တပ်အင်အား တိုးချဲ့မယ့်အစီအစဉ် အောင်မြင်ပါက ပိုလန်နိုင်ငံက ဉရောပတိုက်မှာ အင်အားအတောင့် တင်းဆုံး စစ်တပ်တစ်ခု ပိုင်ဆိုင်လာနိုင်ပြီး ပြင်သစ်နဲ့ ဂျာမနီနိုင်ငံထက်ပင် အင်အားကြီးမားလာနိုင်ပါတယ်။
ပိုလန်အစိုးရက လက်ရှိမှာ တိုင်းပြည်တစ်ဝှမ်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ပြည်သူတွေကို စစ် ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခွင့်ပြုထားပါတယ်။ ထိုအချက်က ပြည်သူတွေ စစ်ရေးလေ့ကျင့်မှုတွေမှာ စိတ်ဝင်စားဖို့ နဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုလျှော့ချတဲ့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် နိုင်ငံ့ကာကွယ်ရေး ခိုင်မာအောင်လုပ်ဆောင်ရာမှာ ပြည်သူလူထု ရဲ့ထောက်ခံမှုရရှိဖို့ လွယ်ကူစေခဲ့တယ်လို့ Lodz တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ရောဘတ်ဇူဒါက ပြောပါ တယ်။
စစ်ရေးလေ့ကျင့်မှုတွေက ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်သစ်တွေနဲ့ မသက်ဆိုင်ပေမယ့် ပါဝင်သူအချို့က သား သမီးတွေ၊ မိတ်ဆွေတွေကို စစ်ရေးလေ့ကျင့်မှုတွေမှာပါဝင်ဖို့ အားပေးဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
ရုရှားကျူးကျော်စစ် အစောပိုင်းကာလမှာ ပိုလန် သုတေသနအဖွဲ့အစည်းတစ်ခုက အသက် ၁၈ နှစ်အ ထက် လူပေါင်း ၁၀၀၀ ကျော်ကို စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၆၆ ရာခိုင်နှုန်းက နိုင်ငံ့ကာကွယ်ရေးမှာ ပါဝင်လို ပြီး ၃၄ ရာခိုင်နှုန်းကတော့ မပါဝင်ချင်ဘူးလို့ သိရပါတယ်။
ကိုးကား – NHK
Ref; Poland to boost defenses amid Russia’s invasion of Ukraine