ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံရွာရှိ စစ်ကောင်စီတပ်စခန်း ဒီဇင်ဘာလ ၃ ရက် မနေ့နေ့လည်ပိုင်းက တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ရတနာပုံစစ်အခြေစိုက်စခန်းမှာ အချိန် ၃ နာရီကြာနီးပါး အကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
”မနေ့နေ့လည် ၁၂ နာရီလောက်ကနေတိုက်ပွဲတွေဖြစ်ကြတာ၊ ရတနာပုံ စစ်ကောင်စီတပ်စခန်း အတိုက်ခံရတာတယ်။ တိုက်ပွဲဖြစ်တာကိုမနည်းကြာတယ်။ အဲ့ဒီမှာ စခန်းထိုင်တဲ ကော့သောင်း ၂၆၂ တပ်က ထိခိုက်သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေရှိတယ်” လို့ ဘုတ်ပြင်း၊ ရတနာပုံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ကော့သောင်းမြို့အခြေစိုက် ခလရ ၂၆၂ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ် လို့ တပ်ရင်းနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
”မနေ့က ဘုတ်ပြင်းထဲကနယ်စပ်ရှေ့တန်းစခန်းမှာ တိုက် ပွဲဖြစ်လို့သေတာ ၅ ယောက်လို့သိရတယ်။ အဲ့ဒီထဲက တစ်ယောက်ရဲ့မိန်းမက ကော့သောင်း ၇ မိုင်ဘက်မှာနေတာ။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ဘုတ်ပြင်း စစ် ဆေးရုံကိုပို့လိုက်တယ်လို့သိရတယ်။ သေတဲ့သူတွေလည်းဘုတ်ပြင်းမှာသဂြိုဟ်မယ်ထင်တယ်”
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးသလို ၊ တော်လှန် ရေးအင်အားစုတွေဘက်ကထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
#ဘုတ်ပြင်း #ရတနာပုံ #စစ်ကောင်စီတပ်စခန်း #တိုက်ခိုက်ခံရ #၅ဦးသေဆုံး #Ayeyarwaddy_Times