အိဏ်လင်းအိမ်/ဧရာဝတီတိုင်းမ်
(‌ရေတာရှည်) ၊ ဒီဇင်ဘာလ ၃ ရက်

ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင်
ဒီဇင်ဘာလ ၂ရက်နေ့ ည ၈နာရီဝန်းကျင်အချိန် မြို့အဝင် မီးရထားသံလမ်းအကူးတွင် ညကင်းစောင့်ရန်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းသားမြို့ပြUGအဖွဲ့ထံမှ သိရသည်။

” ဒီကောင်တွေက တစ်ညလုံးကင်းစောင့်ပြီး မိုးလင်းမှထပြန်နေကြ ။ သူတို့က အဲ့နေရာကို နေ့တိုင်းကင်းလာစောင့်တယ်။သူတို့ ကင်းပတ်လမ်းအလာကိုစောင့်ပြီး မိုင်းခွဲတာပါ”ဟု ဒေါင်းမင်းသားမြို့ပြUGအဖွဲ့ မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေတာရှည်မြိုအဝင် ရထားသံလမ်းအကူးတွင် စစ်ကောင်စီတပ် နှင့် ပျူစောထီးအဖွဲ့ဝင်များက ညစဉ်ညတိုင်း လုံခြုံရေးအရဟုဆိုကာ ကင်းစောင့်လျက်ရှိသည်ကို ဒေါင်းမင်းသားမြို့ပြUGအဖွဲ့ မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နှင့် ပျူစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ဒေါင်းမင်းသားမြို့ပြUG အဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
#ရေတာရှည် #မြို့အဝင် #စစ်ကောင်စီ #ပျူစောထီး #သေဆုံး
#Ayeyarwaddy_Times