ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
မန္တလေးတိုင်း၊တောင်သာမြို့နယ်တွင် စစ်အုပ်စုနှင့်အပြိုင်သောင်းကျန်းနေသည့် အောင်သာကျေးရွာ အုပ် ချုပ်ရေးမှူး စိုးသိန်းဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်သတ်ခဲ့ကြောင်း Natogyi Regional Defence Force မှယမန်နေ့ ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
တောင်သာမြို့နယ်၊ အောင်သာကျေးရွာအုပ်ချုပ်ရေး မှူးကို နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေအိမ်ထိသွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက PDF တွေကို လာရဲတဲ့ကောင်လာခဲ့ဆိုပြီး စိန်ခေါ်နေတာ။ စစ်ခွေးတွေနဲ့ပေါင်းပြီး အောင်သာရွာ မှာ သောင်းကျန်းနေတာ။ နေအိမ်ထိသွားရောက်ရှင်းလင်းခဲ့တာပါ။ လာရဲတယ်ဆိုတာပြတာပါ”ဟု NRDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
အဆိုပါ အောင်သာကျေးရွာအုပ်ချုပ်ရေးမှူး စိုးသိန်းဆိုသူသည် အသက် ၆၀ နှစ်အရွယ်ရှိပြီး စစ်ကောင်စီတပ် ၏ အမိန့်ကို တစ်သွေမတိမ်းလုပ်ဆောင်လျက်ရှိကာရပ် ရွာရှိပြည်သူလူထုကိုအာဏာသုံးခြိမ်းခြောက် ခြင်းများ ပြုလုပ်လျက်ရှိကြောင်းနှင့် PDF များကိုလည်း စိန်ခေါ်နေသူဖြစ်ကြောင်း သိရှိရသည်။
ယင်းလုပ်ဆောင်ချက်ကို Natogyi Regional Defence Force NRDF နှင့် The Value OF Young Men(တောင်သာ)၊ မလှိုင်တော်လှန်ရေးအင်အားစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
#တောင်သာ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times