ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်

ရုရှားကျူးကျော်စစ် ကိုးလတာကာလအတွင်း ယူကရိန်းစစ်သည် ၁၀၀၀၀ မှ ၁၃၀၀၀ အထိ ကျဆုံးခဲ့ တယ်လို့ သမ္မတ ဇီလန်စကီးရဲ့ ထိပ်တန်းအကြံပေးတစ်ဉီးက စစ်ဘက်အကြီးအကဲတွေကို ကိုးကားပြီး ပြောကြားခဲ့ရာ အနောက်နိုင်ငံခေါင်းဆောင်တွေ ထင်မြင်ထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုထက် များစွာ လျှော့နည်းနေပါတယ်။

ရုရှားတပ်ဖွဲ့တွေက အခြေခံအဆောက်အအုံတွေအပေါ် ဒုံးကျည်တိုက်ခိုက်မှုတွေ၊ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တပ်စွဲရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းစစ်ဉီးစီးချုပ်က ယနေ့ ပြော ကြားပါတယ်။

ရုရှားကျူးကျော်စစ်အတွင်း ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သည်တွေရဲ့ အရေအတွက်နဲ့ပတ်သက်လို့ သမ္မတ ဇီ လန်စကီးရဲ့အကြံပေး မိုင်ခေးလိုပိုဒိုလတ်ခ်က ထုတ်ဖော်ပြောခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ တပ်ဖွဲ့ဝင်က ပိုများကာ အရပ်သားသေဆုံးသူ သိသိသာသာ များပြားတယ်လို့ ဆိုပါတယ်။

“စစ်ဉီးစီးချုပ်ရုံးရဲ့ တရားဝင် အချက်အလက်တွေအရ ရုရှားကျူးကျော်စစ်ပွဲ ကိုးလတာအတွင်း ယူကရိန်း တပ် ဖွဲ့ဝင် ၁၀၀၀၀ ကနေ ၁၃၀၀၀ အထိ ကျဆုံးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် ၉၀၀၀ နီးပါး ကျဆုံးခဲ့တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲက မကြာသေးမီလတွေအတွင်း ထုတ်ဖော်ဝန်ခံဖူးပါတယ်။

ဒီနှစ်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ယူကရိန်းစစ်သည် ၂၀၀ ခန့် နေ့စဉ် ကျဆုံးနေတယ်လို့ မိုင်ခေးလိုပိုဒိုလတ်ခ်က ဆိုပါတယ်။

ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကျဆုံးခဲ့ပြီလို့ ဉရောပသမဂ္ဂ ဉက္ကဌ အူဆူ လာဗွန်ဒါလီယန်းက အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် အချက်အလက်တွေက ကျဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ အားလုံးကို ရည်ညွန်းတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ယူကရိန်းစစ်သည် ၄၀၀၀၀ ခန့်နဲ့ ရုရှားတပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကျော် ကျဆုံးခဲ့ပြီလို့ အမေရိကန် ပူးတွဲစစ်ဉီးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – AP
Ref; Official says over 10,000 Ukrainian troops killed in war