ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဒီဇင်ဘာလ ၂ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ရွာအနီးတွင် ကံမဘက်မှ ရိက္ခာလာပို့သည့် စစ်ကောင်စီလက် အောက်ခံတပ်သားများအား မြိုင်(ပကဖ)တပ်ရင်း ၁ နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကံမဘက်မှ ကျောက်ခွက်စခန်းနှင့် ဖလန်းကိုင်စခန်းသို့ ရိက္ခာပို့လာသည့် အင်အား၁၂၀ ဝန်းကျင်ပါစစ် ကြောင်းသည် တကြီးရွာနှင့် နယ်သတ်ရွာအကြားတွင် ကားပျက်၍ရပ်တန့်ပြုပြင်နေစဉ် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နှင့်ယနေ့မနက်ပိုင်းတို့တွင် ဒရုန်းများသုံး၍ အီနာဂါဗုံးသီး ၅၈ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့မနက်ပိုင်းတွင် ကားပြင်နေသည့်နေ ရာမှ နယ်သတ်ရွာအတွင်းဝင်လာသည့် တပ်သား ၇ ဦးအား မိုင်းအကြီး ၄ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး ၃ ဦးမှာ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ရိက္ခာပို့သွားတာ၊ ဒဏ်ရာရတဲ့ ၃ ယောက်ကသေခါနီးပြီလို့သိရတယ်၊ သူတို့ဘက်က အထိနာတော့ဆက်မသွားတော့ဘဲ ပါလာတဲ့ရိက္ခာတွေပါမီးရှို့ပြီးပြန်သွားတယ်၊ ပြည်သူတွေရဲ့ဟာတွေကိုလုမလို့လား ဘယ်လိုလဲတော့မသိဘူး” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါအထိနာနေသည့် စစ်ကောင်စီတပ်သည် ရိက္ခာပို့ဆာင်ရန်ယူဆောင်လာသည့် ရိက္ခာများအား ကိုယ် တိုင်မီးပြန်ရှို့ကာ ပြန်လှည့်သွားကြောင်း သိရသည်။

ပေါက်တွင် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ကပစ၂၄ သို့သွားသည့် မီးကြိုးပြတ်တောက်၍ လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်သားများအား ခြုံခိုတိုက်ခဲ့ရာ ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။