ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်

ပြီးခဲ့တဲ့လအတွင်း မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုပြုလုပ်ပြီးနောက် တိုင်း ပြည်ရဲ့လက်နက်အစီအစဉ်တွေနဲ့ပတ်သက်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက မြောက် ကိုရီးယား အာဏာပိုင်တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

ဧပြီလအတွင်း ဉရောပသမဂ္ဂက ဒဏ်ခတ်ထားတဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေဖြစ်တဲ့ ဂျွန်အီဟို၊ ယုဂျင်နဲ့ ကင်ဆူဂီလ်တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်မှာ ဒဏ်ခတ်အရေးယူခဲ့ပါ တယ်။

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်မှုကို ခံခဲ့ရတဲ့ စင်ကာပူနဲ့ ထိုင်ဝမ်တစ်ဉီး အပါအဝင် လူပုဂ္ဂိုလ်ခုနှစ်ဉီးနဲ့ ကုမ္ပဏီရှစ်ခုကို ဒဏ်ခတ်အရေးယူကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ကြေညာခဲ့ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သံသယရှိနေတဲ့ Lazarus Group အပါအဝင် ကုမ္ပဏီသုံးခုနဲ့ လူပုဂ္ဂိုလ်တစ်ဉီးကို ဒဏ်ခတ်အရေးယူကြောင်း ဂျပန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂမှတစ်ဆင့် မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံရဲ့ မကြာ သေးမီက ကြိုးပမ်းမှုတွေကို တရုတ်နဲ့ရုရှားက ပိတ်ပင်ခဲ့တာကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ဉရောပမိတ်ဖက်နိုင် ငံတွေနဲ့ပူးပေါင်းပြီး အရေးယူခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု အကြိမ်ရေ ၆၀ ကျော် ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်း ဆိုင်းငံ့ခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုတွေ ပြန်လည်စတင်နိုင်တာကြောင့် အခုလို အရေးယူမှုတွေ ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်လက်နက်ခဲယမ်းဌာနရဲ့ ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့ ဂျွန်အီဟိုနဲ့ ယုဂျင်တို့ဟာ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်တွေထုတ် လုပ်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကင်ဆူဂီလ်က ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မြောက်ကိုရီးယား နိုင်ငံရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖျက်စွမ်းအားကြီးမားသော စစ်လက်နက်တွေ ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်ခဲ့သူဖြစ်ပါတယ်။

ကိုးကား – CNA
Ref; US and Asian allies impose new sanctions on North Korea after intercontinental missile test