နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က စာသင်ကျောင်းက ထိုင်ခုံတွေ မီးလောင်မှုနဲ့ ပတ် သက်ပြီး စစ်ကောင်စီတပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးခေါ်ရိုက်တာတွေ ပြုလုပ်ခဲ့တယ် လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ညောင်ပင်ဂရက်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်ကောင်စီသတင်းပေးတွေ ကင်းစောင့်တဲ့ စာသင် ကျောင်းက ထိုင်ခုံတွေ မီးလောင်မှုကြောင့် ရွာသားတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်နေသလို အုပ်ချုပ်ရေးမှူးကိုတော့ ပါးပါ ခေါ်ရိုက်တာမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကင်းစောင့်တာက ကြံ့ဖွတ်နဲ့ ဒလန်တွေစောင့်တာ အဲ့တာတောင် ကျောင်းထဲက ခုံတွေမီးလောင်တာ မသိဘူးဆိုတော့ မဖြစ်နိုင်ဘူးလေ၊ ခုတော့ တစ်ရွာလုံးခေါ်စစ်ဆေးတာခံနေရတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စာသင်ကျောင်းထဲက ထိုင်ခုံတွေမီးလောင်တာဟာ ပြည်သူတွေကို ပါဝါပြချင်လို့ကင်းစောင့်တဲ့ကြံ့ခိုင်ရေးပါ တီဝင်တွေနဲ့ သတင်းပေးဒလန်တွေ မီးရှို့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းထဲက ထိုင်ခုံတွေ မီးလောင်မှုနဲ့ စစ်ကောင်စီတပ်သားတွေရောက်လာချိန်မှာ သတင်းပေး ဒလန်တွေနဲ့ ပေါင်းပြီး ကျေးရွာမှာရှိတဲ့ ပြည်သူတွေကို စစ်ဆေးတာမျိုးတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မအူပင် #စာသင်ကျောင်း #ထိုင်ခုံ #မီးလောင်မှု #အုပ်ချုပ်ရေးမှူး #ပါးရိုက်ခံရ #AyeyarwaddyTimes