ဧရာဝတီတိုင်းမ်
(ဇင်းကျိုက်)၊ ဒီဇင်ဘာလ ၂ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရဲစခန်းအား ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ်များမှ ဒရုန်းအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇင်းကျိုက်မြို့မဈေးအနီးရှိ ရဲစခန်းအား ဒေသကာ ကွယ်ရေးတပ်များမှ လက်နက်ငယ်များအပါ အဝင် လက် ပစ်ဗုံးများ၊ ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အဆောက်အဦအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
“မနေ့ညနေကကျွန်တော်တို့ဘက်ကတိုက်ခိုက်တော့ သူတို့ဘက်ကပြန်ရမ်းပစ်တယ်၊ ဒရုန်းနဲ့လဲဗုံးသီးချသေးတယ်စခန်းပေါ်၊ အသံတွေကြားရသလောက် ရဲစခန်းဘက်ကပြန်ခုခံပြီးပစ်တယ်ဆိုတာထက် သူတို့ကအပေါ်ကိုထောင်ပစ်နေတဲ့အသံနဲ့ပိုတူတယ်၊ ပစ်ခတ်မှုပြီးတော့ လုံခြုံရေးတွေတင်းကြပ်ထားတာတွေ့ရတယ်” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဝောာ်လှန်ရေးရဲဘော်များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကာ ယခုအခါတွင် ဇင်းကျိုက်မြို့အတွင်းလုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၅ ရက်တွင်လည်း ပေါင်မြို့ရဲစခန်းအားဒေသတွင်းတော်လှန်ရေးအင်အားစုများမှ သွား ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်သားအချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
#မွန် #ဇင်းကျိုက် #ရဲစခန်းတိုက်ခိုက်ခံရ #AyeyarwaddyTimes