ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်
မြန်မာနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ နှစ်နှစ်နီးပါးကြာ အကျဉ်းချခံခဲ့ရတဲ့ သြစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ် လွတ်မြောက်လာမှုကြောင့် စိတ်အေးရပြီး ဝမ်းသာရတယ်လို့ ဝန်ကြီးချုပ် အန် ထော်နီအယ်လ်ဘာနိစ်က ပြောကြားလိုက်ပါတယ်။
ရှောင်တာနဲလ်နဲ့ ဇနီးသည် ဟာဗူတို့ကို ယနေ့ အောက်လွှတ်တော် အမေးအဖြေအချိန်မှာ ဂုဏ်ပြုခဲ့ပြီး လွှတ်တော်အမတ်တွေက မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် ရှောင်တာနဲလ်ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ဖမ်းဆီးကာ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ စက်တင်ဘာလအတွင်း ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်မှာ ရှောင်တာနဲလ် လွတ် မြောက်ပြီးပြီးချင်း စကားပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က သူရဲ့ သတ္တိရှိမှု၊ အကောင်းမြင်ဝါဒနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုကု ချီးကျူးခဲ့ပါတယ်။
ရှောင်တာနဲလ်နဲ့ ဇနီးသည်တို့ဟာ အထက်လွှတ်တော်မှာလည်း လွှတ်တော်အမတ်တွေရဲ့ ဂုဏ်ပြုမှုကို ရ ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က သြစတေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိတာကို ကြိုဆိုလိုက်ပါတယ်။
“ဘယ်သူကမှ ရှင့်လို အခက်အခဲတွေကို ကြံ့ကြံ့ခိုင်နိုင်မှာ မဟုတ်ပါဘူး။ ရှင်က ဒီလိုအတွေ့အကြံကနေ ပြန်လည်ရုန်းထနိုင်ခဲ့ပြီး ကြံ့ကြံ့ခံနိုင်ရည်ရှိတာဟာ တစ်ကယ်ကို အံ့လောက်ဖွယ်ရာဖြစ်ပါတယ်” လို့ ပန်နီဝေါင်က ပြောပါတယ်။
မြန်မာပြည်သူတွေအတွက် ရှောင်တာနဲလ်က ဆက်လက်ပြီး ကြိုးပမ်းလုပ်ဆောင်မယ်ဆိုတာ မိမိတို့ သိရှိတယ်လို့ အတိုက်အခံပါတီ ပြောရေးဆိုခွင့်ရှိသူ ဆိုင်မွန်ဘာမင်ဂမ်က ပြောပါတယ်။
ကိုးကား – The Canberra Times
Ref; Parliament pays tribute to freed academic