ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
မင်းလယ်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ၃ နာရီအကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက မင်းလယ်ကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
“ပထမတစ်ကြိမ် စစ်တပ်က မီးရှို့တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ကျန်နေတဲ့ အိမ်တွေကို ထပ်ပီးမီးရှို့ကြတယ်။ ရွာထဲကလူတွေလည်း ကြောက်တော့ထွက် ပြေးကြတာပေါ့။ မင်းလယ်ရွာသား တစ်ဦးကသူတို့နဲ့တွေ့တော့ စစ်တပ်က မပြေးနဲ့မင်းကိုဘာမှမလုပ်ဘူးဆိုပြီးလှမ်းခေါ်ပြီး အဲ့ဒီရွာသားကို မီးလောင်ပြင်မှာရပ်ခိုင်းပြီး “PDF တွေ မီးရှို့ပါတယ်လို့” ၅ ကြိမ် အော်ခိုင်းပီး ပြန်လွတ်ပေးလိုက်တယ်” လို့ မင်းလယ်ကျေး ရွာဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မင်းလယ်ကျေးရွာကို နိုဝင်ဘာလ ၂၄ နေ့ကတစ်ကြိမ်
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၆၀ ဝန်းကျင်မီးလောင်ပြာကျသွားဆုံးရှုံးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
#Ayeyarwaddy_Times