ဧရာဝတီတိုင်းမ်
(ပေါက်)၊ ဒီဇင်ဘာလ ၁ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းကူးရွာသို့ မီးကြိုးလာပြင်သည့် စစ်ကောင်စီဖောကားများ ၂ ကြိမ်ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။

စစ်ကောင်စီလက်အောက်ခံ ကပစတပ်တွေကို ဆက်သွယ်ထားသည့်မီးကြိုးလိုင်းများကို နိုဝင်ဘာလ ၂၆ ရောက်နေ့က မိုင်းခွဲဖြတ်တောက်ခဲ့သောကြောင့် အဆိုပါမီးကြိုးလိုင်းများအားလာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်မှ အင်အား ၅၀ ဝန်းကျင်ပါဖောကား ၃ စီးကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာစစ်ကောင်စီတပ်သား ၆ ဦးဝန်းကျင်ဒဏ်ရာပြင်းထန်စွာရခဲ့သည်ဟုဆိုသည်။

ထို့အပြင် ဒီဇင်ဘာလ ၁ ရက် မနက် ၅ နာရီဝန်းကျင်တွင်လည်း မီးတိုင်ပြင်ရန်လာသည့်စစ်ကောင်စီတပ်သားများအား အဆိုပါရွာအနီး စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်းသိရသည်။

” ပေါက်ကပစ တွေကိုသွားတဲ့မီးကြိုးကိုလာပြင်တာ၊ အဲ့ဒီမီးကြိုးတွေက မိုင်းခွဲဖြတ်ထားခံရတော့လာပြင်တဲ့ ကား ၃ စီးစောင့်ပြီးတိုက်ခိုက်တာပါ။ မနေ့ မနက်ပိုင်းကလည်း အဲ့ဒီနားမှာကင်းပုန်းဝတ်တဲ့စကစတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့မှုထပ်ဖြစ်သေးတယ်” ဟု မြိုင်(ပကဖ)မှဗိုလ်လက် ယာက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအား မြိုင်(ပကဖ)တပ်ရင်း၁၊ မြွေပွေးပြောက်ကျားအဖွဲ့၊ ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(ပေါက်)၊ VIPER GUERRILLA FORCEတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ပေါက် #ကပစတပ် #တိုက်ခိုက်ခံရ #Ayeyarwaddy_Times