ဧရာဝတီတိုင်း
ဒီဇင်ဘာလ ၁ ရက်

ဧရာဝတီတိုင်းအတွင်းမှာ နိုဝင်ဘာလ ၁ လအတွင်း ဒေသခံပြည်သူ ၄၀ ကျောက်ကို စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီသတင်းပေးတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းခံရတိုင်း ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရဲတွေက စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက ဘယ်အဖွဲ့က လုပ်တယ်ပြောပြော သူတို့က ဒေသခံတွေပဲ ဖမ်းတာ အဲ့တာမှ သူတို့က ငွေရှာလို့ ရတာလေ ငွေမထွက်နိုင်တဲ့သူတွေဆိုရင် သူတို့က မရှိရှိတဲ့ပုဒ်မ ရှာတပ်ပြီးတော့ တရားစွဲတာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ သတင်းပေးဒလန်တွေကို ဖောက်ခွဲ တိုက်ခိုက်တာတွေပြုလုပ်ပြီးနောက်ပိုင်းမှာ သတင်းထုတ်ပြန်တာတွေရှိပေမယ့် စစ်ကောင်စီတပ်သား တွေက ငွေရှာဖို့အတွက် ဒေသခံတွေကသာ စွပ်စွဲဖမ်းဆီးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေဖမ်းဆီးတာ အများဆုံးခံထားရတဲ့ မြို့နယ်တွေကတော့ ကျိုက်လတ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ဖျာပုံနဲ့ ဘိုကလေးမြို့နယ်တွေက ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ် သူတွေဆီက သိရပါတယ်။

#ဧရာဝတီ #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး
#Ayeyarwaddy_Times