ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ နို၀င်ဘာလ ဒုတိယပတ်က စတင်ပြီး တစ်နေ့ကို လျှပ်စစ်မီးရရှိချိန် ၅နာရီခန့်သာရှိတော့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
” ခုလပိုင်းမှာမီးပျက်တာက တော်တော်ဆိုးနေပြီ။မနက်ကျောင်းချိန် အလုပ်ချိန် ချက်ဖို့အချိန်ဆိုမလာဘူး။ နေ့လည်ခဏလာပြီး တနေ့ခင်းလုံးပျက်နေတယ်။ ညနေလာရင်လည်း ၄၅ မိနစ်ပဲ။ ညဆို ညဥ့်နက်မှလာတယ်။ ၄နာရီလောက်ဆိုပျက်ရော”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ ပုသိမ်မြို့မှာ နေ့စဥ် လျှပ်စစ်မီး ပြတ်တောက်မှု ၆ ကြိမ်ထက်မနည်းရှိနေပြီး မီးရရှီချိန်မှာလည်း မီးအားနည်းတာကြောင့် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိပေမယ့် မီတာခ ကို ပုံမှန်လာရောက်ကောက်ခံနေပြီး နို၀င်ဘာလအတွင်းမှာ မီတာခ မဆောင်ပဲထားတဲ့ နေအိမ်တွေကမီတာပုံးတွေကို EPC၀န်ထမ်းတွေက လာရောက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။