ဧရာဝတီတိုင်းမ်
(ချင်းရွှေဟော်)၊ ဒီဇင်ဘာလ ၁ ရက်
မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွေဟော်၊ နမ့်ဖာတောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီး အလောင်းကောက်ယူခြင်းမရှိဘဲစွန့်ပစ်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား လူသားချင်း စာနာထောက်ထားမှုဖြင့် MNDAAမှ လိုက်လံမြှုပ်နှံပေးခဲဲ့ကြောင်း The Kokang မှ ယနေ့တွင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ၃ ရက် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ တပ်ရင်းမှူး တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
MNDAA တပ်စခန်းရှိရာနေရာသို့ စစ်ကောင်စီတပ်မှ ထိုး စစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးရုပ်လောင်းများအား စစ်ကောင်စီတပ်မှ သယ်ဆောင်သွားခြင်းမပြုဘဲ စွန့်ပစ်သွားရာ ရှေ့ တန်း MNDAAတပ်ဖွဲ့ဝင်များမှလူသားချင်း စာနာထောက်ထားမှုဖြင့် လိုက်လံ မြှုပ်နှံပေးခြင်းဖြစ်သည်ဟု The Kokang ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရှမ်းပြည် နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မုံးကိုး၊ လား ရှိုး၊ သိန္နီ၊ မူဆယ် စသည့် နေရာဒေသများတွင် စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့များအကြား တိုက်ပွဲများမကြာခဏဖြစ်ပွားမှုရှိနေကြောင်း သိရသည်။
ဓါတ်ပုံ – MNDAA