ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
အရေးပါသော ဓာတ်အားလိုင်းတည်ဆောက်ရေး ပစ္စည်းကိရိယာတွေဝယ်ယူဖို့ ယူကရိန်းသို့ ဒေါ်လာ ၅၃ သန်းတန်ကြေးရှိ စွမ်းအင်အကူအညီ ပေးအပ်မယ်လို့ အမေရိကန်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တော်မှာ မနေ့ကပြုလုပ်တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယူကရိန်းသို့ စွမ်းအင်အကူအညီ ပေးအပ်မယ့်အစီအစဉ် ကို ကြေညာခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ထောက်ပံ့ပေးမယ့်ပစ္စည်းတွေထဲမှာ ထရန်စဖော်မာတွေ၊ ဘရိတ်ကာ တွေနဲ့ မော်တော်ယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။
အောက်တိုဘာလအစောပိုင်းမှစတင်ကာ ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံရှိ စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ တစ်နိုင်ငံလုံးရှိ စွမ်းအင်အဆောက်အအုံ ၃၀ ရာ ခိုင်နှုန်းကျော် ပျက်စီးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက ယူကရိန်းစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ထိခိုက်အောင်၊ ပြည်သူတွေ ဆောင်းရာသီကာလအတွင်း စွမ်းအင်မရရှိအောင်နဲ့ အင်အားချိနဲ့အောင် ရည်ရွယ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုနဲ့ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ ဟောင်ဝှစ်ဇာအ မြောက်ကြီးတွေကြောင့် အထိနာနေတဲ့ ရုရှားတပ်ဖွဲ့တွေက လူနေဧရိယာတွေနဲ့ စွမ်းအင်အဆောက်အအုံတွေကို ပိုပြီး ပစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; US to provide Ukraine with $53 million energy support