ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မနောဖြူ လူမှုကူညီရေးအဖွဲ့ (ပုသိမ်)က သေဆုံးသူတွေရဲ့ နာရေးတွေမှာ အပိုထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို လိုအပ်သူတွေထံ လိုက်လံမျှဝေပေးတာတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
နာရေးမှာထည့်ပေးလိုက်ပြီး သုံးမယ့်သူမရှိတော့ အပိုပစ္စည်းတွေကို မရှိဆင်းရဲသားတွေဆီကို လိုက်လံ မျှဝေးပေးတာတွေပြုလုပ်ပေးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
“ သူက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားပြီး အဲ့သေဆုံးသူနဲ့အတူ ထည့်ပေးလိုက်တဲ့ ဖျာတို့ ဆောင်တို့ အဝတ်အစားတွေပေါ့ အဲ့တာမျိုး လိုအပ်တဲ့သူတွေကို မျှဝေပေးနေတာ စိတ်ကူးကောင်းပါ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုမျိုး သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေဟာ အသုံးပြုသူမရှိဘဲ အလေအလွင့်ဖြစ်မယ့်အစား ခုလိုမျိုး လိုအပ်သူတွေကို ပြန်လည်းမျှဝေပေးတာဟာ သေဆုံးသူတွေ အတွက်လည်း ကုသိုလ်ရနိုင်မှာဖြစ်သလို လက်ရှိလိုအပ်နေသူတွေအတွက်လည်း အကျိုးရှိစေတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့အခြေစိုက် မနောဖြူလူမှုကူညီအဖွဲ့(ပုသိမ်)က သေဆုံးသူတွေရဲ့ နာရေးမှာ ပါလာတဲ့ ပစ္စည်းတွေကို နိုဝင်ဘာလ ဒုတိယပတ်ထဲမှာ လိုအပ်သူတွေကို လှည့်လည်ပြီး မျှဝေပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။