ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ဗိုလ်တထောင်ဘုရားအနီးတွင် လမ်းဖြတ်ကူးသည့် လူငယ်များ စစ်ကောင်စီတပ်၏ပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရားအနီးရွိ လူကူးခုံးကျော်တံတားအနီးတွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်

ခန့်တွင် လူငယ် ၄ ဦးမှလမ်းဖြတ်ကူးနေစဉ်စစ်ကောင်စီတပ်လှည့်ကင်းအဖွဲ့မှ စစ်ဆေးမည်ဟုဆိုကာ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“တံတားနားမှာ လူငယ်တွေက လမ်းဖြတ်ကူးဖို့လုပ်နေတာ။ အဲဒီအချိန်မှာ လှည့်ကင်းလှည့်နေတဲ့ စစ်ခွေး တွေရောက်လာပြီး အဲဒီလူငယ်တွေကို လက်နက်ရှိတယ်၊ PDF ဆိုပြီး အတင်းဝင်ဖမ်းတာ။ အနားမှာရှိနေတဲ့ လူငယ်တစ်ယောက်က ကြောက်ပြီးပြေးတာ အဲဒါကို လှမ်းပစ်ပြီး ဖမ်းတာ။ ခေါင်းကိုထိတာ။ ပစ်လဲကျသွားတာ။ သေမယ်ထင်တာပါပဲ။ လူငယ် ၄ ယောက်လည်း ပါသွားတယ်”ဟု မျက်မြင်တွေ့ရှိသူဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှလည်း ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်လူကူးခုံးတံတားအနီး လှည့်ကင်းအဖွဲ့မှ လူငယ် ၄ ဦးကိုပစ်ခတ်ဖမ်းဆီးမှုဖြစ် ပွားခဲ့သည်ဟုအတည်ပြုပြောသည်။

PDF အဖွဲ့ဝင်များဟုဆိုကာ ပစ်ခတ် ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၄ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ အဆိုပါဖြစ်စဉ်နှင့်ပတ် သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်ခြင်းမရှိသေးပါ။

#ဗိုလ်တထောင် #ရန်ကုန် #စစ်ကောင်စီတပ် #ပစ်ခတ်ဖမ်းဆီး #Ayeyarwaddy_Times