ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

ဒိုဟာမြို့တော်မှာပြုလုပ်တဲ့ အီရန်နဲ့ အမေရိကန်တို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးပွဲစဉ် ပထမပိုင်းအ တွင်း ကာတာသို့ ဒေါ်လာတစ်ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြု လိုက်ပါတယ်။

အမေရိကန်-အီရန် ဘောလုံးပွဲစဉ် ဒုတိယပိုင်းစတင်ချိန်မှာ ကာတာသို့ ဒရုန်းဖျက်စနစ် ၁၀ စုံ၊ ကြားဖြတ် ဟန့်တားစက် ၂၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အ မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ပါရှားပင်လယ်ကွေ့အတွင်းရှိ အာရပ်နိုင်ငံတွေနဲ့အတူ ကာတာနိုင်ငံဟာ အီရန်နိုင်ငံက ကျောထောက် နောက်ခံပြုထားတဲ့တိုင်းပြည်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

စစ်လက်နက်ရောင်းချမှုက ကာတာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ တိုးတက်လာစေဖို့ ကူညီခြင်းဖြင့် အမေ ရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေး ရည်ရွယ်ချက်တွေကို အထောက်အကူဖြစ်စေမယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှုက အရှေ့အလယ်ပိုင်းဒေသမှာ နိုင်ငံရေးတည်ငြိမ်မှု နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမယ့် အရေးပါသော အင်အားတစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါ တယ်။

ကာတာနိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်တွေကို ဖျက်ဆီးနိုင်မယ့် စွမ်းပကားတွေလည်း တိုးတက်လာမယ့်အ ပြင် လုံခြုံရေးအခြေအနေ တိုးတက်လာမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – Los Angeles Times
Ref; U.S. OKs $1-billion arms sale to Qatar during key World Cup match