ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ထားသည့် CDM ဝန်ထမ်းများ ဌာနဆိုင်ရာဝန်ထမ်းအိမ်ယာများတွင် ပြန်လည်နေထိုင်မှုများကို ဖမ်းဆီးအရေးယူသွားရန် အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ လျှို့ဝှက်ညွှန်ကြားစာတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ညွန်ကြားချက်အရ အရပ်ဖက်ဌာနများ၏စီစစ်မှုအားနည်းမှုကြောင့် ဝန်ထမ်းအိမ်ယာအချို့တွင် CDMဝန်ထမ်းများနေထိုင်ခြင်းများရှိကြောင်း၊ အဆိုပါဝန်ထမ်းများဝင်ရောက်နေထိုင်ခြင်းမရှိအောင် စစ်ဆေး၍ ဝင်ကောက်နေထိုင်ပါ ဖမ်းဆီးအရေးယူသွားရန် ရေးသားဖော်ပြထားသည်။

“ဒါက CDM ဝန်ထမ်းတွေ ဝန်ထမ်းအိမ်ယာမှာနေထိုင်မယ်လို့ စစ်ဆေးတွေ့ရှိတာနဲ့ ဖမ်းဆီးအရေးယူမယ်လို့ ညွှန်ကြားစာဖြစ်တယ်။ CDM ဝန်ထမ်းတွေအနေနဲ့ ဒီလိုမျိုး ပြန်မနေကြဖို့ သတိပေးလိုတယ်။ စစ်ကောင်စီရဲ့ အဖမ်းမခံခြင်းနဲ့ တော််လှန်ရေးမှာ ဆက်ပြီးပါဝင်ပေးကြဖို့ တိုက်တွန်းလိုတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက သတိပေးပြောဆိိိုထားသည်။

အဆိုပါကိစ္စနှင့်ပက်သတ်၍ CDMဝန်ထမ်းများအား ဝန်ထမ်းအိမ်ယာများတွင်ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်သွားရန်နှင့် နေထိုင်ပါကဉပဒေအရအရေးယူသွားမည်ဟု အဆိုပါ လျှို့ဝှက်ညွှန်ကြားစာအရ သိရသည်။

ဓာတ်ပုံ – Frontier Myanmar
#CDM #ဝန်ထမ်းအိမ်ယာ #ဖမ်းဆီးအရေးယူ #စစ်ကောင်စီ #ညွှန်ကြားထား
#Ayeyarwaddy_Times