ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ မနေ့က အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံရေး၊ ဉပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး မိုဟာမက်မာဖွတ်နဲ့ တွေ့ဆုံပြီး G20၊ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

“အင်ဒိုနီးရှားဝန်ကြီး မိုဟာမက်နဲ့ တွေ့ဆုံပြီး G20၊ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးနဲ့ မြန်မာ့အရေးတွေ ဆွေးနွေးရတာ ဝမ်းသာပါတယ်” လို့ ဂျိုင်ရှန်ကာ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်လ်ရဲ့ ဖိတ်ကြားချက်အရ ထိပ်တန်း အင်ဒိုနီးရှားဝန် ကြီး မိုဟာမက်ဟာ နယူးဒေလီမြို့တော်မှာ ရောက်ရှိနေပြီး အိန္ဒိယ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။

ဘာသာရေးကို မတူညီတဲ့ လူမျိုးစုတွေကြား စည်းလုံးညီညွတ်အောင်ဆောင်ကျဉ်းတဲ့ ကိရိယာတစ်ခုအ ဖြစ် လုပ်ဆောင်သင့်တယ်လို့ မိုဟာမက်က ဆိုပါတယ်။

အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ လူမှုရေးဆိုင်ရာ သဟဇာတဖြစ်ရေးမြှင့်တင်ဖို့ ဘာသာရေးရဲ့ အရေးပါမှုကိုလည်း သူက ထုတ်ဖော်ပြောခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးကစဉ့်ကလျားဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့အတွက် အိမ်နီးချင်းတိုင်းပြည်တွေနဲ့ အာဆီယံအဖွဲ့ရဲ့ အရေးပါမှုကိုလည်း ဝန်ကြီးနှစ်ဉီးက ထပ် လောင်းအတည်ပြုခဲ့ပါတယ်။

ကိုးကား – ANI
Ref; Jaishankar discusses Myanmar situation with visiting Indonesian minister in Delhi