ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

ပဲခူတိုင်း၊ညောင်လေးပင်ခရိုင်၊ရွှေကျင်(ဆောထိ) မြို့နယ် အား ကရင့်အမျိုးသားအစည်းအရုံး-KNU က စီမံအုပ် ချုပ်မှုစတင်မည်ဖြစ်ပြီး လိုက်နာရမည့်ညွှန်ကြားချက်များကို KNU ဘက်က ထုတ်ပြန်လိုက်သည်။

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်ခန့် အုပ်ချုပ်ရေးမှူးအားလုံးအပါအဝင် ကျေးရွာလူကြီးများပါ နှုတ်ထွက်ရမည်ဖြစ်ပြီး မြို့နယ်၏စီမံအုပ်ချုပ်မှုနယ်မြေများအတွင်း ဆောင်ရွက်လိုသည့် မည်သည့်ကိစ္စကိုမဆို KNU၏ သက် ဆိုင်ရာသို့ ခွင့်ပြုချက်ကို ရယူပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟုပါရှိသည်။

ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဆောထိမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများနှင့် စီးပွား ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ဆောင် ရွက် လုပ်ကိုင်လိုပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဆောထိမြို့နယ်သို့ တရားဝင်တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှသာလျှင်လုပ်ကိုင်ဆောင် ရွက် ရမည်ဟု KNU ကဆိုသည်။

ဒေသခံပြည်သူလူထုအနေဖြင့် ပိုင်ဆိုင်မှု မှန်သမျှကို တရားဝင် အသိအမှတ်ပြုနိုင်ရန်အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဆောထိမြို့ နယ်ရုံးတွင် တရားဝင် စာရင်းသွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီးစီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ မြေယာ၊ သစ်တော ၊ ရေလုပ်ငန်းနှင့် သဘာဝသယံဇာတများအား ဆောင်ရွက်လုပ်ကိုင် လိုပါက သက်ဆိုင်ရာဌာနများ၏ သတ်မှတ် ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ဖော်ပြသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဆောထိမြို့ နယ် ၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားများ လုံးဝမပြုလုပ်ရန်လည်းတာမြစ်ထားသည်။

အဆိုပါ KNU ၏ညွန်ကြားချက်များကို ဖောက်ဖျက်ကျူး လွန်ပါကကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံးမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက် အရေးယူသွားမည်ဖြစ်သည်ဟု သတိပေးဖော်ပြထား သည်။

လက်ရှိတွင် KNU တပ်မဟာ နယ်မြေ ပဲခူးတိုင်း၊ကျောက် ကြီးမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ကရင့်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများနေ့စဥ်ပြင်းထန်နေပြီး ဒေသခံသောင်းနှင့်ချီနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများထံကသိရသည်။