ဧရာဝတီတိုင်းမ်
ဇူလ်ိုင်လ ၄ ရက်

ဇွန်လ ၂၄ ရက်နေ့တွင် ကရင်နီပြည်ရဲ(KSP) မှခေါ်ယူထိန်းသိမ်းစစ်ဆေး ခဲ့သော ကျောင်းဆရာ/ဆရာမ (၆)ဦးတို့အား ပြန်လည်လွတ်ပေးလိုက်ကြောင်း KSP က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်နီပြည်ရဲ(KSP)နှင့် အခြားအဖွဲ့အစည်းများသည် ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ ပညာရေးကို အလေးထားသဖြင့် စစ်ပွဲကာလအတွင်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

သို့သော် စာသင်ကျောင်းများဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာနယ်မြေအတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းများထံသို့ ဆက်သွယ်အကြောင်းကြားအသိပေးပြီး ခွင့်ပြုချက်ရယူ ပေးကြပါရန် တောင်းဆိုထားသည်။

ကရင်နီပြည်နယ်အတွင်းရှိ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်း များတွင် ဆရာ/ဆရာမများလိုအပ်နေသဖြင့် အဆိုပါကျောင်းများတွင်တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင် သင်ကြားပေးကြပါရန် ကရင်နီပြည်ရဲ(KSP) မှတိုက်တွန်းထားသည်။